Main menu

Background

ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကျွမ်းကျင်သူတို့ ကမ္ဘောဒီးယားတွင် တွေ့ဆုံ

Mon, 03/26/2012 - 09:39 -- Anonymous (not verified)

    အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ)မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ မတ် ၂၀ ရက်က တွေ့ဆုံပြီး ၂၀၁၅ ခုနှစ်မှာ အာဆီယံ ဒေသကို ကမ္ဘာ့အဆင့်မီ ခရီးသွားဒေသ တစ်ခု ဖြစ်လာဖို့အတွက် ခရီးသွား လုပ် ငန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦး ကပြောပါတယ်။ အစည်းအဝေးကို အာဆီယံခရီးသွားလုပ်ငန်း အရာရှိများ၊ အာဆီယံခရီးသွားလုပ်ငန်းအသင်းနဲ့ အာဆီယံ အတွင်းရေးမှူးရုံးတို့မှ တက် ရောက်ခဲ့ကြကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန အထွေ ထွေ ညွှန်ကြားရေးမှူးချုပ် တစ်ချန်သာ က ၃ ရက်ကြာ ကျင်းပတဲ့ အာဆီယံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။    အစည်းအဝေးမှာ အာဆီယံ ခရီး သွားလုပ်ငန်း  တိုးမြှင့်ဖို့နဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ဟိုတယ် တွေ၊ သန့်ရှင်းတဲ့ခရီးသွားမြို့တော်တွေ၊ အလှပြင်ခန်းတွေ၊ တည်းခိုခန်းတွေ အများပြည်သူ သန့်ရှင်းရေး အထောက် အကူ လုပ်ငန်းတွေအတွက် စံနှုန်း တွေစတဲ့ အာဆီယံ ခရီးသွားလုပ်ငန်း စံနှုန်းတွေ ထူထောင်ပြီး အာဆီယံခရီး သွား လုပ်ငန်း အရည်အသွေးမြှင့်တင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။ ထို့ပြင် အာဆီယံ ယဉ်ကျေးမှုနဲ့ သဘာဝခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ နည်းလမ်းတွေနဲ့ အာဆီယံ နိုင်ငံများအတွင်း သင်္ဘောများဖြင့်  ခရီး သွားလာမှုတို့ တိုးမြှင့်ရေးကိစ္စကို ဆွေး နွေးခဲ့ကြပါတယ်။Source.Xinhua