Main menu

Background

ဟွန်ဒိုင်းက ဆိုနာတာ ပုံစံသစ်ကို ၂၀၁၄ တွင် ထုတ်မည်

Mon, 03/26/2012 - 09:41 -- Anonymous (not verified)

    လေးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ်  အဆင့်မြှင့်တင်ပေးလိုက်သော   ဆိုနာတာဆီဒင်ပုံစံကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ဖို့    ဟွန်ဒိုင်းမော်တာက စီစဉ်ထားကြောင်း  ကုမ္ပဏီရဲ့ အမှု ဆောင် အရာရှိချုပ်က မတ် ၂၁ ရက် ပြောပါတယ်။ တောင်ကိုရီးယား ဈေး ကွက်မှာ နိုင်ငံခြားပြိုင်ဖက်တွေ တစစ ကြီးထွားလာချိန်မှာ အမှုဆောင်အရာရှိ ချုပ်ရဲ့ ပြောစကား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကီးဟားမော်တာကုမ္ပဏီ နှင့်အတူပူးပေါင်းပြီး ကမ္ဘာပေါ်မှာ ပဉ္စမ အကြီးဆုံးမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်လာတဲ့ ဟွန်ဒိုင်းက ယခုနှစ် အတွက် ကမ္ဘာမှာ စတင်ပွဲထုတ်ဖို့  မိုဒယ်အသစ်တစ်ခုသာ ရှိပါတယ်။     ဆိုနာတာ  နောက်ဆုံးမိုဒယ်ကို ကိုရီးယားမှာ ၂၀၀၉ ခုနှစ်စက်တင် ဘာနဲ့ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ ပြည့်နှစ်ဦးပိုင်းက စတင်ရောင်းချ ခဲ့ပါတယ်။ ဆိုနာတာကို တိုယိုတာ မော်တာ ကော်ပိုရေးရှင်းရဲ့ ကမ်မရီနဲ့ အပြိုင် ပွဲထုတ်ခဲ့တာဖြစ်ပြီး အမေရိကန် ပြည်ထာင်စုမှာ အရောင်း ထိပ်တန်း မိုဒယ်တစ်ခုလဲ ဖြစ်ခဲ့ပါတယ်။ဒါကြောင့်  ၂၀၁၁ ခုနှစ်မှာ  ကမ္ဘာ့ဈေးကွက်မှာ တောင်ကိုရီးယား   မော်တော်ကား ထုတ်လုပ်သူတွေ  အရောင်းစံချိန် မြှင့် တင်နိုင်ခဲ့ပြီး ဈေးကွက်ဝေစုလည်း မြင့် တက်ခဲ့ပါတယ်။    ဥရောပနဲ့ အမေရိကန် ပြည် ထောင်စုတို့နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်ချုပ်ဆိုပြီး နောက် ပိုင်း ယခင်က အကာအကွယ်ရခဲ့တဲ့ ဈေးကွက်မှာ နိုင်ငံခြားမော်တော်ကား ကုမ္ပဏီတွေ ဝင်လာတဲ့အတွက် ဟွန် ဒိုင်းရဲ့ ပြည်တွင်းကားရောင်းချမှုမှာ ဖိအားပေးမှုတွခံခဲ့ ရပါတယ်။ပြည်ပ က တင်သွင်းလာတဲ့ ကားတွေရဲ့ ဈေးကွက် ဝေစုက ယခုနှစ်  ဇန်နဝါရီမှာ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့တယ်လို့ လုပ်ငန်းဆိုင်ရာ စာရင်းဇယားများအရ တွေ့ရပါတယ်။Source.reuters.com