Main menu

Background

ဂရိပါလီမန်က ယူရို ဘီလီယံ ၁၃၀ ရှိ ဒုတိယ ကယ်တင်ငွေကို အတည်ပြု

Mon, 03/26/2012 - 09:39 -- Anonymous (not verified)

    ဂရိနိုင်ငံ အမျိုးသားကြွေးမြီပေးဆပ်ရန် ပျက်ကွက်မှုကနေ ကာကွယ်နိုင်ဖို့ အတွက် ယူရိုဘီလီယံ ၁၃၀ (ဒေါ်လာ ဘီလီယံ ၁၇၀) ရှိ ကယ်တင်မှု အစီ အစဉ်ကို ဒုတိယအကြိမ်အဖြစ် မတ် ၂၁ ရက်က ဂရိပါလီမန်က အတည်ပြု ပေးခဲ့ပါတယ်။ အဆိုပြုချက်ကို ဆိုရှယ်လစ်နဲ့ ကွန်ဆာဗေးတစ်ပါလီမန်က အတည်ပြုပြီး ကွန်မြူနစ်နဲ့ လက်ဝဲ အလွန်အကျွံဝါဒီ ကိုယ်စားလှယ် ၇၉ ဦး တို့က ကန့်ကွက်ခဲ့ပါတယ်။    ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကယ်တင်ငွေမှ ပထမအသုတ် အဖြစ် ယူရို  ၇ ဒသမ ၅ ဘီလီယံကို မတ် ၂၀ ရက်က ဂရိနိုင်ငံက လက်ခံရရှိပြီး နောက်ယခုကဲ့သို့ အတည်ပြုခြင်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန အရာရှိတစ်ဦးက ပြောပါတယ်။    ဂရိနိုင်ငံက ယူရိုဇုန်မှ ကယ်တင်ငွေ ယူရို ၅ ဒသမ ၉ ဘီလီယံနဲ့ အိုင်အမ်အက်ဖ် မှ  ၁ ဒသမ ၆ ဘီလီယံရမယ်လို့ အရာရှိက  ပြောပါတယ်။ကြွေးမြီဖလှယ်မှုကို ပုဂ္ဂလိကမြီရှင်တွေနဲ့ ယခုလဆန်းပိုင်းက သဘောတူချက် ရပြီး ဂရိေ<ကးမြီကို ယူရိုဘီလီယံ ၁၀၀ လျှော့ချဖို့ သဘောတူညီမှုရပြီးနောက် ယူရိုဇုန်က ကယ်တင်မှုရန်ပုံမှုငွေ ကိုသဘောတူခဲ့ပါတယ်။    အိုင်အမ်အက်ဖ်ကလည်း ယူရို ၂၈ ဘီလီယံ အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါ တယ်။ ဂရိနိုင်ငံက ပိုနေတဲ့ အသုံးစာရင်းတွေကို လျှော့ချဖို့နဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့  သဘောတူမယ်ဆိုရင် ရန်ပုံငွေတွေကို အသုတ် လိုက်ခွဲပြီး ထုတ်ပေးမှာဖြစ်ပါတယ်။မြီရှင်တွေက ဂရိနိုင်ငံရဲ့ စီးပွားရေးနာလန် ထူမှုအဖြစ် အဓိကထားစောင့်ကြည့်နေတဲ့ ၂၀၁၁ ခုနှစ်က နိုင်ငံတော် ဘတ် ဂျက်လိုငွေပြမှုက နိုင်ငံတော်ထုတ်လုပ်မှုရဲ့ ၉ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။Source.AFP