Main menu

Background

အီရန်ရေနံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုမှ အိန္ဒိယနဲ့ တရုတ်တို့ ကင်းလွတ်ခွင့်မရ

Mon, 03/26/2012 - 09:43 -- Anonymous (not verified)

    ဂျပန်နဲ့ ဥရောပသမဂ္ဂ ၁၀ နိုင်ငံတို့က အီရန်မှ ရေနံစိမ်း ဝယ်ယူမှုကို အကြီးအကျယ် လျှော့ချလိုက်တဲ့ အတွက် ထို နိုင်ငံတွေကအမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးပိတ်ပင်မှု ကို အမေရိကန်ပြည်ထောင်စုက ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့အီရန်နိုင်ငံရဲ့ထိပ်တန်းဖောက်သည်တွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို ချန်လှပ်ထားပါတယ်။နျူကလီးယား အစီအစဉ် နဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို ဖိအားပေးဖို့အတွက် ချမှတ်ထား တဲ့ ပိတ်ဆို့မှုအသစ်များအရ အမေရိကန်ဘဏ္ဍာရေး စနစ်က ဖြတ်တောက်မှုပြုလုပ်မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ မတ် ၂၀ ရက်က ကြေညာချက်အရ ၁၁ နိုင်ငံကခြောက်လ ကင်း လွတ်ခွင့်ရမှာ ဖြစ်ပါတယ်။    ဒါပေမဲ့ အီရန်နိုင်ငံရဲ့ ထိပ်တန်းရေနံတင်သွင်းနိုင်ငံ နှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ ဒီစာရင်းထဲမှာ မပါဝင်ပါဘူး။ထို့အတူ အီရန်ရေနံတင်သွင်းတဲ့ ထိပ်တန်း ၁၀ နိုင်ငံမှာပါဝင် တဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တောင် ကိုရီးယားနဲ့ တူရကီတို့လည်း မပါဝင်ပါဘူး။  ဆုံးဖြတ်ချက်ကို ဂျပန်က ဘဏ္ဍာရေးဝန်ကြီး ဂျပန်အဇူမီက ကြိုဆိုလိုက်ပြီး သတ်မှတ် ထားတဲ့နှုန်းထားအထိရောက်အောင် အီရန်ရေနံတင်သွင်းမှု ကို လျှော့ချသွားမယ်လို့ ပြောပါတယ်။    ဂျပန်နိုင်ငံက ၂၀၁၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ အီရန် နိုင်ငံမှ ရေနံတင်သွင်းမှုကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အတွင်းလျှော့ချခဲ့တယ်လို့ အမေရိကန်အရာရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အထူးသံတမန်နဲ့ အပြည်ပြည် ဆိုင်ရာ စွမ်းအင်ရေးရာညှိနှိုင်းရေးမှူး ပါစကူယယ်ကပြောပါ တယ်။်    ကင်းလွတ်ခွင့်ရဖို့အတွက် အီရန်နိုင်ငံမှ ရေနံတင်သွင်းမှု ကို "ထူးထူးကဲကဲ"လျှော့ချရမယ်။နောက်ထပ် ကင်းလွတ်ခွင့် တွေရဖို့အတွက် ဆက်လက်ဆောင်ရွက်ရမယ်လို့ အမေရိကန် ဥပဒေကပြဋ္ဌာန်းထားတယ်လို့ ပြောပေမဲ့ အမေရိကန် ဘဏ္ဍာ ရေးပိတ်ဆို့မှုက လွတ်ကင်းဖို့ အခြေခံသတ်မှတ်ချက်ကို ထုတ် ဖော်ပြောကြားခြင်း မရှိပါဘူး။ Source.reuters.com