Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 03/26/2012 - 09:44 -- Anonymous (not verified)

    ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေမှုကိုစိုးရိမ်နေတာနဲ့ မတ် ၂၃ ရက်မှာဝမ်ငွေကြေးတန်ဖိုးကနှစ်လအတွင်း အနိမ့်ဆုံးထိ ကျဆင်းခဲ့တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုရှိသော ငွေကြေးစာချုပ်စာတမ်းများကို လက် ရှောင်လာကြပါတယ်။ ဒါကြောင့် အာရှ ဒေသရှိ ထွန်းသစ်စနိုင်ငံများရဲ့ ငွေကြေး အများစုက သီတင်းပတ်အလိုက် အကျ ဘက်ကို ဦးတည်လာပါတယ်။ အကယ် ၍ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက် နှုန်း ဆက်လက် နှေးကွေးမဲ့ လက္ခဏာ တွေရှိနေရင် အာရှငွေကြေးတွေ လာမဲ့ သီတင်းပတ်မှာ ကျဆင်းမယ်လို့ ခန့်မှန်း ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်ထုတ် လုပ်မှုက မတ်လမှာ ကျဆင်းခဲ့တယ်လို့ ပုဂ္ဂလိကစစ်တမ်းတစ်ခုမှာ မတ် ၂၂ ရက်က တွေ့ရပါတယ်။ ထို့အတူ  ဂျာမန်နဲ့ ပြင်သစ်တို့ရဲ့ကုန်ထုတ်လုပ်မှု ကလည်း အံ့သြစရာ ကောင်းလောက် အောင် ထိုးကျခဲ့ပါတယ်။ အာရှငွေ ကြေးတွေမှာ ရူပီးနဲ့ ယွမ်ငွေကြေးတွေက တန်ဖိုးအကျဆုံးဖြစ်ပါတယ်။တရုတ်ယွမ်    တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက် နှုန်းနှေးပေမဲ့ ယခုချိန်ထိတော့ ပြင်းပြင်း ထန်ထန်ကျဆင်းမှာ မဟုတ်ဘူးလို့ ရင်း နှီး မြှုပ်နှံသူတွေက ယုံကြည်နေတယ်လို့ ဝယ်ရောင်းသမားတွေနဲ့ လေ့လာ ဆန်း စစ်သူတွေက ခန့်မှန်းထားကြပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနက မတ် ၂၃ ရက်နေ့မှာ ယွမ်ငွေတန်ဖိုးကို ၁ ဒသမ ၁၃ ရာခိုင်နှုန်းတိုးမြှင့်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၈၉၁ ဝမ် နှုန်းသတ်မှတ်ပေးခဲ့ပါတယ်။၂၀၀၅ ခုနှစ် မှာ နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ် ရေးအဖွဲ့  ဖွဲ့စည်းပြီးနောက်ပိုင်း  အမြင့် ဆုံးသတ်မှတ်ချက်ဖြစ်ပါတယ်။အိန္ဒိယရူပီး    မီးသွေးတွင်းများ ရောင်းချရာတွင် ရငွေ  လျော့နည်းခဲ့ကြောင်း သတင်း ထွက်ပေါ်ပြီးနောက်ပိုင်း   နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့  တုံ့ပြန်မှု အနုတ် လက္ခဏာပြလာမှာ စိုးရိမ်မှုရှိလာပါ တယ်။ ဒါကြောင့် ရှယ်ယာဈေးကွက် တွေရဲ့ အညွှန်းကိန်းအမှတ် ၄၀၀ ကျ ဆင်းခဲ့ပါတယ်။ ထို့ပြင် အစိုးရဘဏ် တွေနဲ့ ရေနံကုမ္ပဏီတွေက  ဒေါ်လာ ဝယ်လိုအားရှိလာတဲ့အတွက် ရူပီး တန် ဖိုးကနှစ်လအတွင်းအနိမ့်ဆုံးထိကျဆင်း ခဲ့ပါတယ်။ မတ် ၂၂ ရက်က ဈေးပိတ် ချိန်မှာ ယခင်နေ့ ဈေးပိတ်ချိန်ထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်ဒေါ်လာကို ၅၁ ဒသမ ၁၇ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ရေနံဈေးနှုန်းမြင့်တက်လာတာတွေက ငွေကြေးဖောင်းပွမှုနဲ့ ဘဏ္ဍာရေး လိုငွေ ပြမှုအပေါ် အကျိုးသက်ရောက်မှာကို တွက်ဆပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေက ယခင်ကလောက် ဖိဖိစီးစီး ဝယ်ယူတာမျိုး မရှိခဲ့ပါဘူး။ဂျပန်ယန်း    မတ် ၂၃ ရက်မှာ ဥရောပနဲ့တရုတ် နိုင်ငံတွေရဲ့ စီးပွားရေး အစီရင်ခံစာ တွေအရ တိုးတက်မှု နှေးကွေးနေပြီး ထုတ်ပြန်လာမဲ့အမေရိကန်ပြည်ထောင် စုရဲ့ ကိန်းဂဏန်းတွေကို စောင့်ကြည့်နေ တဲ့အတွက် ဒေါ်လာငွေကြေး တန်ဖိုးက အခြေအနေအမျိုးမျိုး ရောထွေးနေပါ တယ်။     ဒေါ်လာယန်းဖလှယ်နှုန်းမှာ မတ် ၂၂ ရက်က နယူးယောက်မှာ တစ် ဒေါ်လာကို ၈၂ ဒသမ ၅၀ ယန်းရှိရာမှ မတ်လ ၂၃ ရက်မှာ တစ်ဒေါ်လာကို ၈၂ ဒသမ ၈၂ ယန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ်    မလေးရှားနိုင်ငံရဲ့ ဒီဇင်ဘာက အကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ပဏာမ စစ်တမ်းအရ မတ်လက ငါးလမြောက် ဆက်တိုက်ကျဆင်းတာကို တွေ့ရပါ တယ်။    "တကယ်လို့ တရုတ်စီးပွားရေး အားနည်းရင် မလေးရှား ပို့ကုန်နဲ့ ငွေကြေးဈေးကွက်တွေကို ထိခိုက်နိုင်ပါ တယ်" လို့ စင်ကာပူ အခြေစိုက်   Malayan Banking Bhd  ကုမ္ပဏီမှ နိုင်ငံခြားငွေသုတေသနအဖွဲ့ခေါင်းဆောင် ဆက်တီဟန်ဒီဆူပတ်က ပြောပါတယ်။    ကွာလာလမ်ပူမှာ မနက် ၉ နာရီ ၁၆ မိနစ်က ရင်းဂစ်တန်ဖိုးက သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ် လာကို ၃ ဒသမ ၀၈၃၇ ရင်းဂစ် နှုန်း ရှိခဲ့ပါတယ်။ နေ့အလိုက်တိုးတက် နှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါ တယ်။တောင်ကိုရီးယားဝမ်    စတော့ဈေးကွက်တွေကျဆင်းပြီး စီးပွားရေး အစီရင်ခံစာတွေက စီးပွား ရေး နာလန်ထူမှု ကျဆင်းမယ်ဆိုတဲ့ စိုး ရိမ်မှုကို  မြင့်တက်  စေခဲ့ပါတယ်။ ဒါကြောင့် စွန့်စားရတဲ့ စာချုပ်စာတမ်း တွေရဲ့ ဝယ်လိုအားကို ကျဆင်းစေခဲ့တဲ့ အတွက် တောင်ကိုရီးယားဝမ်တန်ဖိုးက နှစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိ စေခဲ့ပါတယ်။ မတ်လမှာ ယူရို နယ်မြေ ရဲ့ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုက မတ်လမှာ စီးပွားရေးပညာရှင်တွေ ခန့် မှန်း ထားတာထက် ပိုမိုကျ ဆင်းခဲ့ပါ တယ်။ မတ်လ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကိုရီးယား ရှယ် ယာအရောင်းက အဝယ်ထက် များခဲ့ပါ တယ်။    မတ်လ ၂၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ဆိုးလ်မြို့မှာ ဝမ်ငွေ တန်ဖိုးက ၁၃ ဒသမ ၂ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်ဒေါ်လာကို ၁၁၃၄ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ်    ထိုင်း  ဘဏ္ဍာရေး  ဝန်ကြီး ကစ်တီရပ်နာရနောင်းက ဘတ်ငွေ တန်ဖိုးကို ကန့်သတ်ပေးခဲ့ပါတယ်။ ပြီး တော့ပို့ကုန်လုပ်ငန်းရှင်တွေကိုအထောက် အကူဖြစ်ဖို့အတွက် ဗဟိုဘဏ် အတိုး နှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်းလျော့ ပေးဖို့ ဗဟိုဘဏ်က တိုက်တွန်းခဲ့ပါ တယ်။ဒါကြောင့်ဘတ်တန်ဖိုးက တစ်လ အတွင်း အနိမ့်ဆုံးနှုန်းကို ကျဆင်းခဲ့ပါ တယ်။    ဒါပေမယ့် ဘတ်ငွေတန်ဖိုးက မတ် ၂၃ ရက် မနက် ၉ နာရီ ၃၄ မိနစ်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၈ ဘတ် နှုန်း ရှိခဲ့ပါတယ်။ှSources.bloomberg, xinhua, AFP, economictimes, Indiatimes