Main menu

Background

တရုတ်ဗဟိုဘဏ်က လယ်ယာစိုက်ပျိုးရေးဘဏ်အချို့ရဲ့ အရန်ငွေအချိုးကို လျှော့ချ

Mon, 03/26/2012 - 09:46 -- Anonymous (not verified)

    ကျေးလက်ဒေသတွေကို ငွေပိုမိုထုတ်ချေးနိုင်ဖို့ အတွက် မတ်လ ၂၅ ရက်ကစပြီး တရုတ်လယ်ယာစိုက်ပျိုးရေး ဘဏ် ရဲ့ ဘဏ်ခွဲအချို့ကို အရန်လိုအပ်ချက်အချို့ လျှော့ချဖို့ ခွင့်ပြု လိုက်ကြောင်း တရုတ်ဗဟိုဘဏ်က မတ် ၂၁ ရက်က ပြောပါ တယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ငွေထုတ်ချေးနေတဲ့ ဘဏ်ခွဲ ၅၆၅ ခုရဲ့ အရန် ငွေထားရှိရမဲ့ အချိုးကို လက်ရှိ အဆင့်အောက် ၂ ရာခိုင်နှုန်းထပ်လျော့ထားဖို့ ခွင့်ပြုခဲ့တယ်လို့ တရုတ်ဗဟိုဘဏ်က ပြောပါတယ်။ယခုလိုဆောင်ရွက်ပေးတဲ့ အတွက် ကျေးလက်ဒေသတွေမှာ ယွမ် ၂၃ ဘီလီယံ ချေးငွေ ပိုရနိုင်မယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။    ကျေးလက်ဒေသတွေမှာ ငွေပိုမိုထုတ်ချေးနိုင်အောင် အားပေးတဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး ကျေးလက် ဘဏ်တွေအတွက် အရန်ငွေကြေး လိုအပ်ချက်မူဝါဒကို သီးခြားခွဲပြီး ဗဟိုဘဏ်က ဆောင်ရွက်ပေးခဲ့ပါတယ်။ စီးပွား ရေးတိုးတက်နှုန်း နှေးကွေးနေ ချိန်မှာ ငွေထုတ်ချေးငွေတွေ တိုးမြှင့်ပေးဖို့အတွက် လွန်ခဲ့သည့်လက ကူးသန်း ရောင်းဝယ် ရေးဘဏ်အားလုံးရဲ့ အရန်ငွေ လိုအပ်ချက်နှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်းလျှော့ချဖု့ိ ဗဟိုဘဏ် ကဆုံးဖြတ်ခဲ့ပါတယ်။ဘဏ်အများစုတွက် ဘဏ်အရန် ငွေကြေးထားဖို့လိုအပ်ချက် က ၂၀ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။    ဘဏ်အရန်ငွေကြေးလိုအပ်ချက်နှုန်းကို လျှော့ချပေးဖို့ အလားအလာသိပ်မရှိဘူးလို့ ယခုလအတွင်းမှာ တရုတ်ဗဟို ဘဏ် အုပ်ချုပ်ရေးမှူး ကျိုးရှောင်ချွမ်က ပြောပါတယ်။ပြည်ပ ဝယ်လိုအားတွေ အားနည်းပြီး ငွေကြေး ဖေါင်းပွမှုနဲ့ အိမ်ခြံမြေ ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် ပေကျင်းရဲ့ မူဝါဒကြောင့် ၂၀၁၁ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်မှာ တရုတ်စီးပွားရေး ဖွံ့ဖြိုး နှုန်းက အနှေးကွေးဆုံးဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးနှုန်း မူလရည်မှန်းချက် ၈ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းလိမ့်မယ်။ ဒီလိုကျဆင်းတာဟာ ရှစ်နှစ် အတွင်း ပထမဆုံး ဖြစ်မယ်လို့ ဝန်ကြီးချုပ်ဝမ်ကျား ပေါင်က လွန်ခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။တရုတ်စီးပွား ရေး က ၂၀၁၀ ပြည့်မှာ ၁၀ ဒသမ ၄ နဲ့ ၂၀၁၁ ခုနှစ်မှာ ၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်ပထမ သုံးလပတ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး မူဝါဒကို ပြန်လည် ညှိနှိုင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။Source.rttnews.com