Main menu

Background

ကိုရီးယားရှိစကော့တလန်ဘဏ်ရဲ့လုပ်ငန်းအချို့ကိုပိတ်မည်

Mon, 03/26/2012 - 09:48 -- Anonymous (not verified)

    ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်ပိုင်ငွေချေးဘဏ်ကြီးတစ်ခုဖြစ်တဲ့ Rayal Bank Of Scotland Group Plc က တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတွေက တချို့လုပ်ငန်းတွေကို ပိတ်သိမ်းပြီး ထိုလုပ်ငန်းတွေကို စောစောပိုင်းက ပြန်ရောင်း မယ်လို့ ပြောခဲ့တဲ့အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ဗြိတိသျှငွေချေးကုမ္ပဏီကြီးက ကိုရီးယားနိုင်ငံရှိ ငွေကြေးရှယ်ယာများ၊ ရှယ်ယာမတည်ငွေရင်းဈေးကွက်ကို အင်ဒို နီးရှားနဲ့ စင်ကာပူရှိ ရှယ်ယာလုပ်ငန်းများနည်းတူ ပိတ်သိမ်းမှာဖြစ်ကြောင်း ဟောင်ကောင် RBS  မှပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ယုမီဟွိုင်ကပြောပါတယ်။ ဒီဆောင် ရွက်ချက်ကြောင့် လူ ၇၀ အလုပ်ပြုတ်နိုင်ပါတယ်။    ၂၀၁၁ ခုနှစ်မှာ အရှုံးက ခန့်မှန်းထားတာထက်ပိုပြီးများလိမ့်မယ်လို့ ကမ္ဘာပေါ် မှာ အများဆုံးဘဏ်ကယ်တင်ငွေကို လက်ခံရယူပြီးနောက်ပိုင်း အလုပ်အကိုင်ပေါင်း ၃၀၀၀၀ ကိုလျှော့ချခဲ့တဲ့ RBS ဘဏ်အမှုဆောင်အရာရှိ ချုပ်စတက်ဖင်ဟက်စတာ က ပြောပါတယ်။ ဘဏ်က အကျိုးအမြတ်မရှိတဲ့ တချို့လုပ်ငန်းတွေကို စွန့်လွှတ်ဖို့ ဆောင်ရွက်နေပြီး အာရှပစိဖိတ်ဒေသရှိ စာရွက်စာတမ်း အချို့အတွက်လည်း မလေး ရှားနိုင်ငံ CIMB Group Holdings Bhd   နဲ့ ဆွေးနွေးပါတယ်။    "APAC  စီးပွားရေးလုပ်ငန်းများ အားလုံးကိုရောင်းချဖို့က ကျွန်မတို့ရဲ့ ရည်မှန်း ချက်ဖြစ်ပါတယ်"ဟု ဟွိုင်က မတ် ၂၁ ရက်က ပြောပါတယ်။"ကူးသန်းရောင်းဝယ် ရေးဆိုင်ရာအကြောင်းတွေကြောင့် "CIMB  ကို ရောင်းတဲ့ထဲမှာ တချို့ကိုထည့် မရောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ သူမကပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် ထုတ် ဖော် မပြောပါ။    RBS ကြွေးမြီထုတ်ချေးခြင်း၊ စီးပွားလုပ်ငန်းဆောင်ရွက်ချက်နဲ့စွန့်စားမှု ထိန်းချုပ်မှုလုပ်ငန်းတွေကို ကိုရီးယား၊အင်ဒိုနီးရှား ၊စင်ကာပူနဲ့ တခြားအာရှ ပစိဖိတ်နိုင်ငံတွေမှာ ဆက်လက်ဆောင်ရွက်မယ်လို ဟွိုင်က ပြောပါတယ်။    ကွာလာလမ်ပူမှာ အခြေစိုက်တဲ့  CIMB နဲ့ RBS တို့က ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေရောင်းချရေး ကိစ္စအတွက် နားလည်မှုစာချွန် ရေးထိုးထား တယ်လို့ ဆိုပါတယ်။                       Source.bloomberg.com