ကမ္ဘာပေါ်မှာ အကြီးမားဆုံးနည်းပညာလုပ်ငန်းဖြစ်တဲ့ ဟွေးလက်ပက်ကပ်က အိုင်တီသုံးစွဲမှု ဖွံ့ဖြိုးမှုအလား အလာ ရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ မဟာဗျူဟာမြောက် ၁၄ နိုင်ငံထဲမှာ ထိုင်းနိုင်ငံကိုလည်း ရွေးချယ်ထားပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် စီးပွားရေးလုပ်ငန်းကြီးက ပြည် တွင်း လုပ်ငန်းဆောင်ရွက်မှု ဖွဲ့စည်းပုံကို ထုတ်ကုန် ခွဲခြား ထုတ်လုပ်ရေးကနေ လုပ်ငန်းအခြေပြု ဖောက်သည် မဟာ ဗျူဟာကို ပြောင်းလဲကျင့်သုံးထားပါတယ်။ "၂၀၁၅ ခုနှစ်အတွက် အာဆီယံစီးပွားရေး အသိုက်အအုံ အတွက် ပြင်ဆင်ရာမှာ သူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကို တိုးမြှင့်နိုင်အောင် နည်းပညာကို အသုံးချနိုင်ဖို့ ထိုင်းအစိုးရနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ကျွန်ုပ်တို့ ကူညီလိုပါတယ်" ဟု ဟွေးလက်ပက်ကပ် (ထိုင်းလင်း) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒါနာဝပ်ဆုသန်ပွန်က ပြောပါတယ်။ ဟတ်ဝဲတွေကို ရောင်းချခြင်းထက် ဆော့ဝဲနဲ့အိုင်တီ စီမံ ခန့်ခွဲရေးဝန်ဆောင်မှုတွေကနေ ဝင်ငွေပိုမိုရရှိဖို့ HP က ရည် မှန်းထားပါတယ်။ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်မှန်းထားတယ်လို့ HP ရဲ့ အရှေ့ တောင် အာရှအုပ်ချုပ်မှုဒါရိုက်တာနဲ့ ဒုတိယဥက္ကဌ နာရင်ဒါ ကပူး က ပြောပါတယ်။ HP က လာမဲ့ သုံးနှစ်မှာ ဝန်ထမ်းပိုမိုခန့်ထားဖို့နဲ့ နည်း ပညာဆိုင်ရာ အထောက်အကူတွေကို တိုးတက် ဆောင်ရွက် ဖို့ရည်မှန်းထားပါတယ်။ HP က cloud computing သတင်း အချက်အလက်စီမံခန့်ခွဲမှုနဲ့ စီးပွားရေး လုပ်ငန်းဆန်းစစ်ချက် အပလီကေးရှင်းစီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းလုံခြုံရေး၊ အိုင်တီ အဆောက်အအုံပေါင်းစည်းရေးနဲ့ အီလက်ထရွန်းနစ် ပုံနှိပ် လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။Source.bangkokpost.com
Background