ကမ္ဘာ့ဘဏ်ကိုဦးဆောင်ရန်အတွက် နိုက်ဂျီးရီးယား ဘဏ္ဍာ ရေး ဝန်ကြီး နိုဇီအိုကွန်ဂျိုအိုဗဲလာနဲ့ ကိုလံဘီယာ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဟိုဆေးအန်တိုနီယိုအိုကမ်ပိုတို့ကို လျာထား ကြောင်း ထွန်းသစ်စနိုင်ငံများမှ ကိုယ်စားလှယ်ရွေးချယ်ရေး လုပ်ငန်းနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က မတ် ၂၁ ရက်က ပြောပါ တယ်။စီးပွားရေးပညာရှင်အဖြစ်ရော သံတမန်အဖြစ်ပါဆောင်ရွက် ခဲ့ဖူးကြတဲ့ အိုကွန်ဂျိုအိုဝဲလာနဲ့ အိုကမ်ပိုတိုရဲ့ ယှဉ်ပြိုင်မှုက အမေရိကန်ပြည်ထောင်စုအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါ တယ်။ ဒီလို အဆင့်မြင့်ရာထူးတွေကို ဆောင်ရွက်ခဲ့သူတွေ ယခင် က ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘဏ်ကို စတင်ထူထောင်ချိန်က စပြီး ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရာထူးကို အမေရိကန် ပြည်ထောင်စု ကသာ ရယူထားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ဥက္ကဌ ရောဘတ်ဇိုးလစ်က ဇွန်လကုန်မှာ ရာထူးသက်တမ်းပြည့်မှာ ဖြစ်ပေမဲ့ သူ့ကိုဆက်ခံဖို့ အတွက် ယခုချိန်ထိ လူသိရှင်ကြား ကြေညာတာ မရှိသေးပါဘူး။အမည်စာရင်းတင်သွင်းရမဲ့နောက်ဆုံးရက်ကမတ်၂၃ရက်ဖြစ်ပါတယ်။ ဇိုးလစ်ကို ဆက်ခံဖို့ ရွေးချယ်ရာမှာ အရည်အသွေးကို အခြေခံ ရွေးချယ်ဖို့ ကမ္ဘာ့ဘဏ်အဖွဲ့ ၁၈၇ နိုင်ငံက သတ်မှတ်ထားပါတယ်။ အိုကွန်ဂျိုအိုင်ဝဲလာက ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ဘဏ်ညွှန်ကြား ရေးမှူးချုပ်ရာထူးကနေ နုတ်ထွက်ပြီး နိုက်ဂျီးရီးယား ဘဏ္ဍာရေး ဝန်ကြီးအဖြစ်တာဝန် ယူခဲ့သူဖြစ်ပါတယ်။အိုကမ်ပိုက ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာနမှာ ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက် ခဲ့သူဖြစ်ပါတယ်။ လျာထားစာရင်းမှာ နိုင်ငံအချို့က ထောက်ခံမှု ရထားတဲ့ အမေရိကန်စီးပွားရေးပညာရှင် ဂျက်ဖရီဆပ်နဲ့ ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။လျာထားစာရင်းတွေကို အဖွဲ့ဝင် ၂၅ ဦး ပါဝင်တဲ့ ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့ကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့က လာမဲ့လမှာ ဥက္ကဌသစ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။UNT,Source.reuters.com
Background