စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေ အချိန်ကျရင် စိုက်မှာဘဲ ဆိုတဲ့ အတွေးမျိုးကိုဖယ်ရှားပြီး သီးနှံတစ်မျိုးထဲကို အားကိုးမရဘဲ ဈေးကွက်ရှိတဲ့ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပြောင်းစတာတွေကို စိုက်ပျိုးလာ နိုင်ဖို့ဆိုရင် တောင်သူတွေ ကိုယ်တိုင် ဈေးကွက် အခြေအနေကို သိဖို့လိုအပ်ပါတယ်။ အထူးသဖြင့် မြန်မာ့ပဲအဓိက ဝယ်ယူတဲ့ အိန္ဒိယရဲ့ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား ဈေးကွက် အခြေ အနေ ကိုသိရှိဖို့ပါပဲ။ အခုလဲလက်လှမ်းမီသလောက် ဝက်ဘ်ဆိုဒ် တွေ ဂျာနယ်တွေနဲ့ဖြန့်ဝေေ ပမဲ့ တောင်သူလက်ထဲ တိုက်ရိုက် ရောက်ရှိမှု အားနည်းနေသေးတဲ့အတွက် စိုက်ပျိုးသူတွေက အချိန်နဲ့တစ်ပြေးညီ Information မရသေးသမျှ သူတို့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲလို့မရသေးပါဘူး။ နောက်နိုင်ငံ တော်အပိုင်းအနေနဲ့လည်း ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိက ကဏ္ဍက လွတ်လွတ်လပ်လပ်လုပ်ပါစေဆိုတဲ့သဘောနဲ့ လွှတ်မ ထားဘဲ သီးနှံဈေးကျဆင်းနေတဲ့ အချိန်မှာ အနိမ့်ဆုံးထောက်ပံ့ ဈေး(MSP)လို သတ်မှတ်ဈေးတစ်ခုနဲ့ ဈေးကွက်ကို ဝင်ရောက် ထိန်းကျောင်းပေးတဲ့စနစ်မျိုး လိုအပ်တယ်လို့ မြင်ပါတယ်။ နောက် ကုန်သည်တွေလည်း ကုန်သည်အသိအမြင်ပြည့်ဝဖို့ လိုပါတယ်။ ဒီနှစ်လို ဈေးတအားထိုးကျရင် လည်း ကျဈေးနဲ့ ခံရောင်းနေကြပြီး ဈေးအဆမတန် မြင့်တက်တဲ့ ၂၀၀၉ ခုနှစ်ကလို ဈေးအမြင့်ကို ဆွဲဆွဲတင်တာမျိုးမလုပ်သင့်ပါဘူး။ စားသုံးသူ တစ်ဖက်နိုင်ငံက ဝယ်ယူစားသုံးနိုင်စွမ်းအားထက်ကျော်လွန်တဲ့ ဈေးနှုန်းကိုဆွဲတင် တာမျိုးမလုပ်ဘဲ စိုက်ပျိုးထုတ်လုပ်သူေ တွရဲ့ အကျိုးအမြတ်ကို လည်း မထိခိုက်ရအောင် စားသုံးသူနဲ့ ထုတ်လုပ်သူကြားမှာ ဈေးကွက်ေ ဈးနှုန်းမျှခြေတစ်ခုမှာ ထိန်းထားသင့်ပါတယ်။ အဲဒီလို မှမဟုတ်ရင် ပဲကို မရှိမဖြစ်စားသုံးနေရတဲ့ အိန္ဒိယအနေနဲ့ နည်း ဗျူဟာတွေ ပြောင်းလဲကျင့်သုံးပြီး ကနေဒါပဲတွေကို ပဲစင်းငုံ အစား ထိုးစားသုံးစေတာမျိုး၊ အာဖရိက တန်ဇန်းနီးယားတို့လို နိုင်ငံတွေ မှာ ပဲစင်းငုံကို ကန်ထရိုက်စနစ်နဲ့ စိုက်တာမျိုးတွေ လုပ်လာတာ ပါပဲ။ ဒါကြောင့် မိမိတို့ဘက်ကလည်း နည်းဗျူဟာပြောင်းပြီး အိန္ဒိယနဲ့ ဒီက ပဲစင်းငုံတောင်သူတွေနဲ့ ပူးပေါင်းပြီးကန်ထရိုက် စနစ်နဲ့ စိုက်မလား၊ နောက်ပြီး ပဲတင်ပို့သူတွေ အနေနဲ့လည်း သူတို့ဆီက နည်းပညာရရှိဖို့အတွက် ဒီမှာတန်ဖိုးမြှင် ခွဲစက်တွေကို ပူးပေါင်း တည်ထောင်မလားဆိုတာ အနှေးနဲ့ အမြန် အကောင် အထည်ဖော်သင့်ပါတယ်။ နောက်ပြီး ပဲကုန်သည်တွေအနေနဲ့ လည်း ပဲကရရှိတဲ့ အကျိုးမြတ်တွေကို ပဲမျိုးစုံလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်းနှီးမြုပ်နှံရမယ့် အစား ကား၊ အိမ်၊ ခြံ၊ မြေစတာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာလည်း ပဲလုပ်ငန်းမှာ ဖွံ့ ဖြိုးတိုးတက်နှောင့်နှေးေ စပါတယ်။ ပဲရောင်း၀ ယ်မှုကရတဲ့ အကျိုး အမြတ်နဲ့ တောင်သူတွေအတွက် သွင်းအားစု၊ မျိုး၊ နည်းပညာ စတာတွေကို ပိုမိုထောက်ပံ့ပေး သင့်သလို တောင်သူတွေအနေနဲ့ လည်း အထွက်နှုန်းမျိုးစေ့၊ သွင်းအားစုတွေကို အသုံးပြုပြီး ထုတ် လုပ်မှု ဈေးကွက်တိုးတက်ေ အာင်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု စရိတ်ကျအောင် ဆောင်ရွက်သင့်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဒီမိုကရက်တစ်နိုင်ငံရေးပုံစံက အတွဲအစပ်ဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုပါတယ်။ အရင်တုန်းက ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့ ပေမဲ့ နိုင်ငံရေးစနစ်က ဒီမိုကရက်တစ်ပုံစံ မဟုတ်ခဲ့ပါဘူး။ နိုင်ငံလူ ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေရှိတဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ဘဝနဲ့ ဆက်စပ်တဲ့လယ်ယာထွက်ကုန် စိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်မှုတွေမှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်အောင် အစိုးရပိုင်းက လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့ဆိုတာ ဈေး ကွက်စီးပွားရေး စနစ်ကျင့်သုံးပြီး ဒီမိုကရက်တစ် အစိုးရစနစ် ထွန်းကားတဲ့နိုင်ငံတွေမှာ ရှိလာဖြစ်လာမှာပဲ ဖြစ်ပါတယ်။
Background