နိုင်ငံတော်မှ ဖြေလျော့တင်သွင်းခွင့်ပြု ထားတဲ့ စားသောက်ကုန်ပစ္စည်း ငါးမျိုးအား FDA ထောက်ခံချက် ပါရှိပါက နှစ်နိုင်ငံသုံး ငွေကြေး (သို့မဟုတ်) နိုင်ငံတော်မှ သုံးစွဲခွင့်ပြုထားသော ငွေကြေးတစ်ရပ်ရပ်ဖြင့် တင်သွင်းခွင့်ပေးလိုက်ပြီလို့ သတင်းရရှိပါတယ်။နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့် သီးစုံ)၊ ခေါက်ဆွဲခြောက်အမျိုးမျိုးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြေလျော့တင်သွင်းခွင့်ပြု ကြောင်း ထုတ်ပြန်ခဲ့ခြင်းနဲ့ စပ်လျဉ်းပြီး မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု လုပ်ဆောင်နေသော ရွှေရည်မြင့်မိုရ် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်မြင့်မြင့်ချိုမှ အချိုရည်၊ ခေါက်ဆွဲခြောက်နဲ့ မုန့်မျိုးစုံကို " FDA ထောက်ခံ ချက်ရရှိပါက နှစ်နိုင်ငံသုံးငွေကြေးဖြင့် တင်သွင်း ခွင့်ပြုရန်" အထက်ဌာနသို့ တင်ပြပေးရန် ဆွေးနွေး ခဲ့သလို ကုန်သည်အသင်းမှလည်း ကုန်သည်များ ကိုယ်စား နိုင်ငံတော်မှ ဖြေလျော့တင်သွင်း ခွင့်ပြု ထားတဲ့ အဆိုပါကုန်ပစ္စည်း ငါးမျိုးအား ဒေသစား သုံးရန်အတွက် တစ်နိုင်တစ်ပိုင် တင်သွင်းရာမှာ နှစ်နိုင်ငံသုံးငွေကြေး ကျပ်/ဘတ်နဲ့ တင်သွင်းခွင့်ပြု ရန် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးများမှာ တင်ပြခဲ့တာဖြစ်ပါ တယ်။ကုန်သည်များရဲ့ တင်ပြချက်ကို တာချီလိတ် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှတစ် ဆင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနချုပ်သို့ ဆက် လက်တင်ပြပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်တဲ့ ဝန်ကြီးဌာန ပို့ကုန်သွင်းကုန်လုပ် ငန်းညှိနှိုင်းမှု အဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ရာမှာ "ဒေသနေပြည်သူများ ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူစားသုံးနိုင်ခြင်း၊ ယခင် တရားမဝင် တင်သွင်းနေရာမှ ပုံမှန်တရားဝင်လမ်းကြောင်း ပေါ်မှ တင်သွင်းမှု ပြုလာနိုင်ခြင်း၊ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆ င်းနိုင်ခြင်း၊ နိုင်ငံတော်အတွက် ထိုက်သင့်သော အခွန်အခများရရှိစေနိုင်ခြင်း" တို့ ကြောင့် FDA ထောက်ခံချက် ပါရှိပါက နှစ်နိုင်ငံ ငွေကြေး (သို့မဟုတ်) နိုင်ငံတော်မှ သုံးစွဲခွင့်ပြုထား သော ငွေကြေးတစ်ရပ်ရပ်ဖြင့် နယ်စပ်စခန်းများမှ တင်သွင်းခွင့်ပြုကြောင်း ဆုံးဖြတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT (DOBT)
Background