Main menu

Background

ဟဲဟိုးမြို့တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေး ရက်တိုသင်တန်း ဖွင့်လှစ်

Mon, 03/26/2012 - 10:04 -- Anonymous (not verified)

          မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ ဦးဆောင်မှု၊ ပြည်နယ်အသင်းခွဲနဲ့ အာလူးအစုအဖွဲ့ (ဟဲဟိုးဇုန်)တို့မှ ပူးပေါင်းပြီး ဒေသခံစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအား ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးရေးသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးမြို့၊ အမှတ်(၇၉) အခြေခံပညာမူလတန်းကျောင်းမှာ မတ် ၁၉ ရက်မှ ၂၃ရက်ထိ ဒေသခံစိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ တင်ပို့ရောင်းချသူ လုပ်ငန်းရှင်များမှ သင်တန်းသား ၃၅ ဦးနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။သင်တန်းဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်၊ ပြည်နယ်အသင်းဥက္ကဌ ဦးစိုးသိန်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟဲဟိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ထွေးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားမှူးအဖြစ် အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(ဟဲဟိုးဇုန်)ဥက္ကဋ္ဌ ဦးအောင်သန်းကျော်မှ ဆောင်ရွက်ခဲ့ပါတယ်။သင်တန်းတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ရိတ်သိမ်းချိန်လွန်နည်းပညာရပ်များကို ဒေါ်စန်းစန်းဝင်းမှ လည်းကောင်း၊ စိုက်ပျိုးရေးအလေ့အထကောင်းများ GAP   နဲ့ အော်ဂဲနစ်မြေသြဇာများ၊ ဇီဝမှိုသတ်ဆေးနဲ့ စိုက်ပျိုးမြေပြုပြင်ထိန်းသိမ်းနည်း ပညာရပ် များကို ဒေါက်တာသန်းသန်းစိန်မှ လည်းကောင်း၊ ဘက်စုံသီးနှံကာကွယ်ရေးနဲ့ ပိုးမွှားရောဂါများ ကို ဒေါက်တာနန္ဒာထွေး မှလည်းကောင်း ပို့ချပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့ဟာ အာလူးစိုက်ပျိုးဧက ၁၁၉၅၂ ရှိပြီး ပြည်နယ်တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးရာဒေသ၊ ဂေါ်ဖီထုပ်စိုက်ပျိုးဧက ၃၀၇၀ ရှိပြီး ပြည်နယ်တစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးစိုက်ပျိုးရာဒေသ၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်မှုဧက ၂၀၀ ခန့်ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိဈေးကွက်ရှိရာမြို့များသို့ တင်ပို့ရောင်းချနေတဲ့ ဒေသကြီးတစ်ခုဖြစ်ပါတယ်။  အောင်ကျော်-TPIS