ပြည်ပကို ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုကတော့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု (မတ်လ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀၀ နီးပါးထိ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၁၁-၁၂ မတ်လ ၂၃ ရက် အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၉၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၄၆၇ သန်းခန့် ရရှိထားကြောင်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ မတ်ပဲစုစုပေါင်း တန်ချိန် ၄၅၇၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၅၁ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ အားဖြင့် တန်ချိန် တစ်သိန်းခွဲနီးပါး ပိုမိုတင်ပို့ထားနိုင်ပေမဲ့ ဝင်ငွေအနေနဲ့ ကန်ဒေါ် လာ ၁၆ သန်းခန့်သာ ပိုမိုတာ တွေ့ရပါတယ်။ ဧပြီလ ပိတ်ရက်များကြောင့် သင်္ဘော တင်နိုင်မှုနည်းလို့ ကုန်သည်များမှ ယခုလအတွင်း အများဆုံးတင်ပို့နိုင်အောင် ဆောင်ရွက်နေတာကြောင့် လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုများနိုင်ကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT
Background