Main menu

Background

မတ်ပဲစိုက်တောင်သူများ ဈေးကောင်းရဖို့ မျှော်လင့်

Mon, 04/02/2012 - 03:44 -- Anonymous (not verified)

    နေပြည်တော်ခရိုင်အတွင်းရှိ တောင်သူများ မိုးစပါးရိတ်သိမ်းပြီး မတ်ပဲသီးနှံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလာကြတာ မိရိုးဖလာစိုက်ပျိုးမှုတစ်ရပ်ဖြစ်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာကစိုက်ခဲ့တဲ့ မတ်ပဲသီးနှံများဟာ မတ်လ၊ ဧပြီလများမှာ ထွက် ပေါ်လာပါပြီ။ ယနေ့ပျဉ်းမနား၊တပ်ကုန်း၊ လယ်ဝေးမြို့များရှိ သီးနှံပွဲရုံများမှာ မတ်ပဲ ရောင်း တောင်သူများနဲ့ ရောင်းဝယ်မှု များ စည်ကားလျက်ရှိပါတယ်။     နေပြည်တော်ခရိုင် ၈ မြို့နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ်၊ မတ်ပဲစိုက်ဧက ခြောက် သောင်းရှစ်ရာခန့်မှ လေးသောင်းကျော်ရိတ်သိမ်းပြီးခဲ့ပါပြီ။ ဒါပေမဲ့ အထွက်နှုန်းက ယခင်နှစ်ကိုမမီဘူးလို့ပျဉ်းမနားမြို့နယ်ဇီးကုန်းကျေးရွာမ ှတောင်သူများကပြောပါတယ်။    "ဒီနှစ် မတ်ပဲစိုက်ရာသီမှာ မိုးရွာသွန်းမှုနဲ့ကြုံခဲ့တော့ ဆစ်ပိုးကျရောက်မှု၊ မှိုရောဂါစွဲကပ်မှု၊ အမြစ်ခြောက် ရောဂါများဒဏ်ကို ခံခဲ့ရတော့ အပင်ဖြစ်ထွန်းမှု အားနည်းခဲ့တာကြောင့် တစ်ဧကပျမ်းမျှ ၁၄ တင်း၊ ၁၅ တင်းခန့်သာ ထွက်ရှိပါတယ်။ မနှစ်ကတစ်ဧက ၂၀ တင်းကျော်ထွက်ပါတယ်။ တစ်ဧကကုန်ကျစရိတ်က တစ်သိန်း ငါးသောင်း ဝန်းကျင်ကုန်ကျပါတယ်။ ဒီနှစ်မတ်ပဲဈေးဖွင့်တော့ တစ်တင်းကို ၁၂၀၀၀ ကျပ်နဲ့ ဈေးဖွင့်ပြီး၊ မနှစ်က ၂၀၀၀၀ ကျပ်ဈေးဖွင့်ပါတယ်။ အဲဒီတော့ ဒီနှစ်အဖို့ တစ်ဧကကို ၃၀၀၀၀ ကျပ်ဝန်းကျင်ပဲမြတ်ပါတယ်။ ပင်ပန်းရကျိုး မနပ်ပါဘူး။ ဒါကြောင့်တောင်သူအချို့မရောင်းသေးဘဲမနှစ်ကဈေးဖွင့်ခဲ့တဲ့ တစ်တင်းကို ၂၀၀၀၀ ကျပ် ဈေးကိုဘဲ မျှော်လင့်စောင့်စားနေကြတယ်လို" ပြောပါတယ်။         တင်ဦး