ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်တစ်ပတ် ထက် ပိုမိုလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်)အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တိုး တက် တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ မတ်လ ၂၃ ရက်နေ့အထိ ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန် ဒေါ်လာ ၁၈၈ သန်းနီးပါးရှိတယ်လို့ သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၁၄၀၀၀၀ နီးပါးနဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၆ သန်းသာရှိလို့ ယခုနှစ်ကာလတူမှာ ယခင်နှစ်ထက် တစ်ဆကျော် ပမာဏ အားဖြင့်တန်ချိန် ၁၇၅၀၀၀ ခန့် ပိုမိုတင်ပို့နိုင်ကြောင်းသိရပါတယ်။ လာမယ့် သီတင်း ပတ်မှာလည်း တင်ပို့မှု ဆက်လက်ကောင်းနိုင်ကြောင်း ခန့်မှန်းကြပါတယ်။ MIRT - MAPT
Background