ဗီယက်နမ် ဆန်သိုလှောင်မှု စီမံကိန်းက တန်းနိမ့်ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူများကို ထိခိုက်စေလျက်ရှိ

         ဝယ်လိုအားနည်းပါနေတယ်လို့ ဗီယက်နမ်အစိုးရမှ တောင်သူများကို သတိပေးပြောကြားခဲ့တဲ့တိုင် တန်းနိမ့် ဆန်ကိုသာ စိုက်ပျိူးနေဆဲဖြစ်ပြီး၊ လက်ရှိ အစိုးရရဲ့ ဆန်သိုလှောင်မှု အစီအစဉ်မှာပါဝင်တဲ့ ကုမ္ပဏီများဟာ တရုတ်နိုင်ငံ ဝယ်လိုအား ကြီးထွားနေတဲ့ တန်မြင့်ဆန်ကို တင်ပို့ဖို့အတွက် IR50404 လို တန်းနိမ့်ဆန်ထက် တန်းမြင့်ဆန်ကို ဝယ်ယူနေတာကြောင့် တန်းနိမ့်ဆန်အနေနဲ့ ဝယ်ယူမှုမရှိခြင်းနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဆန်သိုလှောင်မှု အစီအစဉ်ဟာ အစိုးရမှ ဆန်တန်ချိန် ၄ သန်းကျော်ထိ သိုလှောင်နိုင်တဲ့ သိုလှောင်ရုံများ နိုင်ငံ တစ်ဝန်းပြင်ဆင်ခြင်းဖြင့် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။    ဆန်သိုလှောင်မှု အစီအစဉ်မှာပါဝင်တဲ့ ကုမ္ပဏီများကို အစိုးရမှ မက်လုံးပေးတဲ့အနေနဲ့ မြေဌားရမ်းပေးခြင်းနဲ့ အတိုးနှုန်းလျှော့ချပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သိုလှောင်ရေးကုမ္ပဏီများက အရည်အသွေးမြင့် ဆန်တွေကိုသာ ရွေးချယ်ဝယ်ယူခြင်းကေ်တာ့ တန်းနိမ့်ဆန်စပါးစိုက်ပျိုးတဲ့ တောင်သူတွေကို ထိခိုက်စေသလို ဗီယက်နမ် ဆန်စပါးလုပ်ငန်းမှာလည်း မျှတခြင်း မရှိတဲ့သဘော ဖြစ်နေပါတယ်။    ဆန်သိုလှောင်တဲ့ ကုမ္ပဏီ အကြီးအကဲတစ်ဦးက ၎င်းတို့အနေနဲ့ လက်ရှိအချိန်မှာ ဖိလစ်ပိုင်နဲ့ အချို့အာဖရိကနိုင်ငံများအပါအဝင် တန်းနိမ့်ဆန်ဝယ်ယူသူနဲ့ ဆန်တင်ပို့စာချုပ် မချုပ်ဆိုထားလို့ တန်းနိမ့်ဆန်များများဝယ်ယူမှုမရှိဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဆန်တင်သွင်းသူတွေက ၅ မှတ်ဆန်လို အရည်အသွေး ကောင်းဆန်များ စာချုပ်ဖို့ အသင့်ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ ပြည်တွင်းကုန်သည်များမှ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံမှ ယခုနှစ်လက်ရှိအချိန်ထိ ဆန်စုစုပေါင်း တန်ချိန် ၂ ဒသမ ၆ သန်းခန့် တင်ပို့ထားတဲ့အနက် တရုတ်ဆန်တင်သွင်းသူတွေနဲ့ ဆန်တန်ချိန် ၄၂၀၀၀၀ ဝန်းကျင်ဝယ်ယူဖို့ စာချုပ်ထားပြီးပြီလို့ ဆိုပါတယ်။ ယခုနှစ် တရုတ်နိုင်ငံမှ တန်းမြင့်ဆန်ဝယ်လိုအားက တန်ချိန် တစ်သန်းအထိ ရောက်ရှိတယ်လို့ သိရပါတယ်။    ဗီယက်နမ်အစိုးရမှ အရည်အသွေးနိမ့်စပါးကို စိုက်ပျိူးခြင်းမပြုဖို့ တိုက်တွန်းပြောကြားခဲ့ပေမယ့် IR 50404 မှာ အထွက်နှုန်း မြင့်တာကြောင့် တောင်သူများ တန်းနိမ့်စပါးကို ဆက်လက်စိုက်ပျိူးခဲ့တဲ့အတွက် အခုလို ပြသနာ ဖြစ်လာရတယ်လို့ ဆိုပါတယ်။ ယခုနှစ် ဗီယက်နမ်လယ်သမားများဟာ ဆောင်းသီးနှံစိုက်ပျိူးမှုရဲ့ ၄၈ ရာခိုင်နှုန်းဖြစ်တဲ့ ဟက်တာ ၂၀၈၀၀၀ ဝန်းကျင်မှာ ဆန်လုံးရှည်နဲ့ ဆန်မွှေးကိုစိုက်ပျိုးခဲ့ကြပြီး၊ စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းမှာ တော့ တန်းနိမ့် IR 50404 စပါးကို စိုက်ပျိုးခဲ့ကြပါတယ်။    အချို့သော ဆန်သိုလှောင်တဲ့ ကုမ္ပဏီများက တန်းနိမ့်ဆန်ကို ဝယ်ယူကြပေမယ့် ဝယ်ယူတဲ့ ပမာဏနည်းနေ ဆဲဖြစ်လို့ ဈေးနှုန်းက ဆက်ငြိမ်နေပါတယ်။ လုံးသွယ်စပါး၊ ဆန်မွှေးစပါးကို တစ်ကီလို ဒေါင် ၅၀၀၀-၇၂၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၂၉၂ ဒသမ ၀၁) ရှိချိန်မှာ တန်းနိမ့်စပါး IR 50404 ကတော့ ဒေါ်လာ ၁၀၀ လျော့ပြီး၊ တစ်ကီလိုဒေါင် ၄၀၀၀-၄၂၀၀ ( တစ်တန်ကို ကန်ဒေါ်လာ ၁၉၆ ဒသမ ၂၇) သာရှိပါတယ်။ ဈေးနိမ့်ပြီး ရောင်းချမှု နည်းတာကြောင့် တောင်သူတွေက ပူပင်သောကရောက်နေကြပြီး၊ အချို့သော သူတွေ ပြောကြားချက်အရ လမ်းဘေးမှာ စပါးများ စုပုံထားကြတယ်လို့ သိရပါတယ်။    လမင်း၊Source: oryza.com