Main menu

Background

အိန္ဒိယပဲစင်းငုံ ယခုတစ်ပတ် အနည်းငယ်သာ ပြောင်းလဲမှုရှိ

Mon, 04/02/2012 - 03:53 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်တွေကို မြန်မာနိုင်ငံနဲ့ အာဖရိကနိုင်ငံများမှ ပဲစင်းငုံဝင်ရောက် လျက်ရှိနေပြီး လတ်တလော ပဲခွဲစက်များက ဝယ်လိုအားထိုင်းနေလို့ ဈေးအပြောင်း အလဲ အနည်းငယ်သာရှိပါတယ်။ လက်လီဈေးကွက် တွေမှာလည်း ယခုရာသီဟာ သရက်သီးရာသီဖြစ်နေလို့ ပဲခွဲခြမ်းဝယ်လိုအားပါးတာကြောင့်လည်း ခွဲစက်သမား များက အဝယ်အေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်လမှာ  gulabi   ပဲစင်းငုံ အသစ်ဝင်ရောက်မှု စတင်မှာဖြစ်လို့ ပဲစင်းငုံဈေး ဆက်လက်ကျနိုင်တယ်လို့ ပဲကုန် သည် Mr Sanjay Banal  မှပြောကြားပါတယ်။ဒါ့အပြင် ယခုနှစ် အိန္ဒိယမှာ ပဲစင်းငုံ ထွက်ရှိမှုက ယခင်နှစ်ထက် လျော့ကျတယ် ဆိုပေမဲ့ ဈေးနှုန်းကျဆင်းနေဆဲဖြစ်လို့ စိုက်ပျိုးတဲ့ဒေသတွေမှာ ပဲစင်းငုံဈေးမြှင့်တင်ရေး ပြည်ပက ပဲစင်းငုံခွဲခြမ်းတင်သွင်းမှု ပိတ်ပင်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်              ၂၉-၃-၂၀၁၂    ၂၈-၃-၂၀၁၂    ၂၇-၃-၂၀၁၂    ၂၆-၃-၂၀၁၂မွန်ဘိုင်း          ၆၀၇              ၆၀၉              ၆၁၂              ၆၀၅ဒေလီ           ၆၃၄-၆၃၆     ၆၃၂-၆၃၃        ၆၃၅-၆၄၁      ၆၂၉-၆၃၀ကန်ပါ          ၆၃၆-၆၄၆       ၆၂၈-၆၃၈       ၆၃၂-၆၄၁      ၆၂၅-၆၃၅MIRT(MAPT)