Main menu

Background

ပဲစင်းငုံခွဲခြမ်းတင်သွင်းမှုကို ပိတ်ထားပေးဖို့ ကာနာတာကာ အစိုးရမှ တောင်းဆို

Mon, 04/02/2012 - 04:03 -- Anonymous (not verified)

    ဈေးနှုန်းကျဆင်းမှုကို ရပ်တန့်ဖို့နဲ့ တည်ငြိမ်စေဖို့အတွက် ကာနာတာကာအစိုးရ မှ ဗဟိုအစိုးရကို ပဲစင်းငုံ ခွဲခြမ်းတင်သွင်းတာကို ပိတ်ပင်ထားဖို့ တောင်းဆိုကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ပဲစင်းငုံကို အနိမ့်ဆုံး ထောက်ပံ့ဈေးနဲ့ သတ်မှတ်ပြီး ဆက် လက်ဝယ်ယူမှုရှိတဲ့တိုင် ဈေးနှုန်းတည်ငြိမ်ခြင်းမရှိဘဲ ဆက်လက်ကျဆင်းနေ တယ်လို့ ကာနာတာကာစိုက်ပျိုးရေးဝန်ကြီး  Umesh  V  Katti  မှ ပြောကြားပါ တယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ တင်သွင်းမှု ပိတ်ပင်သင့်တယ်လို့ ဆိုပါတယ်။    အဲဒီတင်ပြချက်ကို ပါတီအားလုံးဝင်ရောက် ဆွေးနွေးနိုင်တဲ့ ဥပဒေပြုရေး အစည်းအဝေးမှာ တင်ပြခဲ့ရာ ဆန့်ကျင်ဖက်ပါတီခေါင်းဆောင်မှ သဘောတူညီ ကြောင်း သိရပါတယ်။                              ယမင်းခင်၊Source: PTI