Main menu

Background

ပဲလွန်းဖြူ ပုံမှန် တင်ပို့မှု ရှိနေ

Mon, 04/02/2012 - 04:05 -- Anonymous (not verified)

    ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှု ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်(မတ်၁၉-၂၃)အတွင်းပဲလွန်းဖြူ တန်ချိန် ၁၉၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင် တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၀၀ ထက်လျော့ကျပေမဲ့ ပုံမှန်ပမာဏ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံများကတော့ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက် နမ် နဲ့ ပါကစ္စတန်တို့ကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၂၃ ရက် အထိ ပဲလွန်းဖြူတင်ပို့မှုမှာ တန်ချိန် ၃၃၆၀၀ ကျော်ရှိပြီး ဝင်ငွေ အနေဖြင့် ကန်ဒါ်လာ ၂၉ သန်းနီးပါး ရရှိထားကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၆၀၀၀ကျော်မှကန်ဒေါ်လာ ၂၂ သန်း ကျော်ရရှိထားလို့ ယခုနှစ်မှာ တန်ချိန် တစ်သောင်းနီးပါး ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က ပဲလွန်းဖြူတန်ချိန် ၃၈၀၀ ခန့်အထိ အရောင်းအဝယ်ရှိခဲ့ ပေမဲ့ ယခုတစ်ပတ် (မတ်လ ၂၃-၃၀ ရက်) အတွင်းမှာတော့ တန်ချိန် ၁၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိပြီး FOB ဈေးမှာလည်း ငြိမ်နေကြောင်း သိရပါ တယ်။ မတ်လ ၃၀ ရက် ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့  SQ တစ် တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။ MIRT - MAPT