Main menu

Background

ပဲတီစိမ်းတင်ပို့မှု ဆက်လက်အားကောင်းနေ

Mon, 04/02/2012 - 04:07 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ဆက်လက်အားကောင်းနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၄၃၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (မတ်လ  ၁၉-၂၃ ရက်) မှာလည်း တန်ချိန် ၁၃၅၀၀ နီးပါး တင်ပို့နိုင်တာ တွေ့ရပါ တယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်နေ့အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၄၀၀၀၀ကျော်ရှိပြီး ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၃၀၇ သန်းကျော်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလ တူမှာတန်ချိန် ၂၆၀၀၀၀ နီးပါး တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၈၉ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၈ သောင်းခန့် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် မှာလည်း တင်ပို့မှုဆက်လက်အားကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT