ယခင်သီတင်းပတ်က ပဲတီရွှေဝါဈေးကောင်းခဲ့ပြီး ယခုတစ်ပတ်မှာ ဈေးအေးလာခဲ့သလို အရောင်းအဝယ်ဖြစ်မှုလည်း ယခင်တစ်ပတ်ထက် လျော့ကျတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ ခန့် စာချုပ်အရောင်းအဝယ်ရှိခဲ့ပြီး ယခုမတ်လ ၂၃-၃၀ ရက်အတွင်းမှာတော့ ပဲတီရွှေဝါ၊ ပဲတီစိမ်း၊ ခွဲခြမ်းစုစုပေါင်း တန်တစ်သောင်းနီးပါးသာ FOB အရောင်း အဝယ်စာချု ပ်နိုင်တယ်လို့ သိရပါတယ်။ ပဲတီရွှေဝါအနေနဲ့ ပြည်တွင်းလက်ကျန်သိပ်မရှိတော့ကြောင်းနဲ့ အိန္ဒိယက ဝယ်လိုအားရှိနေတဲ့အတွက် ဈေးထပ်မကျနိုင် ကြောင်း ခန့်မှန်းပါတယ်။ တရုတ်ဝယ်လက်က အနည်းငယ်ဝယ်ယူမှုရှိပေမဲ့ အိန္ဒိယဝယ်ယူမှုကို မမီကြောင်းနဲ့ အိန္ဒိယဈေး အောက်နဲ့သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ပါကစ္စတန်ဘက်ကလည်း ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ထက် ပိုလာတာတွေ့ရပါတယ်။ ပခုက္ကူ၊(အညာပဲဆီ) ရွှေဝါအကြီး ၃၀-၃-၂၀၁၂ ၆၅၀-၆၇၀ ၈၄၀-၈၆၀ ၂၃-၃-၂၀၁၂ ၆၅၀-၆၇၀ ၈၂၀-၈၄၀MIRT-MAPT
Background