ကုလားပဲဖြူလုံးကြီးကိုပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်တွေ အဝယ်ရှိနေလို့ ယခု တစ်ပတ်မှာလည်း ပုံမှန်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၆၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ်(မတ်လ ၁၉-၂၃ ရက်)အတွင်း မှာ တန် ၃၀၀၀ ခန့် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ကုလားပဲ စုစုပေါင်း တင်ပို့နိုင်မှု တန်ချိန် ၇၆၀၀၀ နီးပါးရှိပြီးကန်ဒေါ်လာ၆၃ သန်း ကျော်ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၃၁၀၀ ကျော်ရှိခဲ့ပြီး ယခုမတ်လ ၂၃-၃၀ ရက်အတွင်း ကုလားပဲဖြူလုံးကြီး နဲ့ ကုလားပဲခွဲခြမ်းစုစုပေါင်း တန်ချိန် ၄၅၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ် နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ယခုနှစ်ဆောင်းကုလားပဲထွက်ရှိမှုက တန်ချိန် ၅ သိန်း- ၆ သိန်းခန့် လျော့ကျနိုင်သလို အိန္ဒိယက ကုလားပဲအစားထိုး ဝယ်ယူနေ တဲ့ ပဲဝါလေးစိုက်ပျုးိရာ ကနေဒါမှာလည်း အထွက်လျော့တဲ့အတွက် အိန္ဒိယအနေနဲ့ ယခုနှစ် ကုလားပဲကို ပိုမိုဝယ်ယူနိုင်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ခန့်မှန်းထားပါ တယ်။ အလားတူပါကစ္စတန်ကလည်း ယခင်နှစ်ထက် ကုလားပဲ အထွက်လျော့ကျ လို့ အဝယ်ပိုနိုင်တာကြောင့် ဒီနှစ်မြန်မာကုလားပဲက ထိပ်မှာပြေးနိုင်တယ်လို့လည်း သုံးသပ်ထား ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးနှုန်း အတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀ -၇၆၀ မှာ ငြိမ်နေကြောင်း သိရပါတယ်။MIRT - MAPT
Background