Main menu

Background

အိန္ဒိယအစိုးရက ကုလားပဲဖြူလုံးကြီးနဲ့ အော်ဂဲနစ်ပဲက လွဲပြီး၊ ပဲပြည်ပ တင်ပို့မှုကို ဆက်လက်ပိတ်ပင်

Mon, 04/02/2012 - 04:54 -- Anonymous (not verified)

    အိန္ဒိယအစိုးရဟာ ပဲမျိုးစုံတင်ပို့မှုပိတ်ထားတာကို နောက်ထပ်တစ်နှစ် သက် တမ်း တိုးခဲ့ပါတယ်။ ဒါပေမယ့် ကာဘူလီကုလားပဲဖြူလုံးကြီးနဲ့ အော်ဂဲနစ်ပဲ တင်ပို့မှု ကိုတော့ ခွင့်ပြုထားပါတယ်။ ပဲမျိုးစုံပြည်ပတင်ပို့မှုကို ၂၀၀၆ ခုနှစ်မှာ ၆ လအတွက် တားမြစ်ခဲ့ပေမယ့် တစ်နှစ်ပြီး တစ်နှစ်သက်တမ်းတိုးလာခဲ့ပါတယ်။ နောက်ဆုံး သက်တမ်းကုန်ရက်မှာ ၂၀၁၂ မတ်လ ၃၁ ရက်ဖြစ်ပါတယ်။    ယခုအခါ ပဲမျိုးစုံ တင်ပို့မှု ပိတ်ပင်ခြင်းကို ၂၀၁၃ မတ်လကုန်ထိ သက်တမ်းတိုး ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ပ ကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ်(DGFT)မှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ စီးပွားရေးနှင့်စက်မှုလုပ်ငန်းပြည်ထောင်စု ဝန်ကြီးဌာနအောက် မှာရှိတဲ့ DGFT  မှယင်းပဲ ၂ မျိုးတင်ပို့ဖို့အတွက်တစ်နှစ်ကိုတန်ချိန် ၁၀၀၀၀ အများ ဆုံး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။    စိုက်ပျိုးရေးထုတ်ကုန်နဲ့ စားသောက်ကုန်ပြုပြင်ထုတ်လုပ်တင်ပို့ ဖွံ့ဖြိုးတိုး တက်ရေးအာဏာပိုင်(APEDA)ဟာ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန လက်အောက်မှာရှိတဲ့ ပြည်ပတင်ပို့မှု တိုးမြှင့်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။ ပြည်ပ ကုန်သွယ်မှုစာချုပ်များကို ပြည်ပမတင်ပို့မီ နယူးဒေလီမှာရှိတဲ့ APEDA  နဲ့ စာရင်း သွင်းသင့်တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့မှုကို DEI  ဆိပ်ကမ်းအကောက်ခွန်များ ထံမှသာလျှင် ခွင့်ပြုမယ်လို့ သိရပါတယ်။    အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက် တန်ချိန် ၃-၄ သန်းပြည့်မီဖို့ ပဲမျိုးစုံ တင်သွင်းမှုကို မှီခိုနေရပါတယ်။ ဒုတိယအကြိမ် အစိုးရခန့်မှန်းချက်အရ ၂၀၁၀-၁၁ မှာ ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၁၈ ဒသမ ၂၄ သန်းရှိရာမှ ၂၀၀၉-၁၀ မှာ တန်ချိန် ၁၇ ဒသမ ၂၈ သန်းထွက်ရှိမယ်လို့ သိရပါတယ်။ယမင်းခင်၊Source: PTI