Main menu

Background

ပြည်ချင်းဈေးကွက် အရောင်းအဝယ်သွက်

Mon, 04/02/2012 - 04:55 -- Anonymous (not verified)

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင်း အရောင်းအဝယ်သွက်နေပြီး၊ အောင် ပန်းမှ ပိဿာ ၃၀ ဝင်အိတ်၊၂၅၀ ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိပြီး၊ ဈေးကွက်အတွင်း နေ့စဉ် ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်နေပါတယ်။ ဈေးကွက်မှ တစ်ဆင့်ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ်နေ့စဉ် ပိဿာချိန် ၄၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်