Main menu

Background

မန်ကျည်း ပို့အားကောင်း

Mon, 04/02/2012 - 04:56 -- Anonymous (not verified)

    ပြည်ပကို မတ်လ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မန်ကျည်း ၂၂၈၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာ အင်ဒိုနီးရှားကို ၈၉၄ တန်၊ မလေးရှားကို ၄၈၈ တန်၊ ပါကစ္စတန်ကို ၅၇၅ တန်၊ စင်ကာပူနိုင်ငံကို ၃၀၀ တန်နဲ့ ဗီယက်နမ်နိုင်ငံကို ၂၅ တန်အသီးသီးတင်ပု့ိခဲ့  ပါ တယ်။ ယခင်သီတင်းပတ်တင်ပို့မှုက တန်ချိန် နှစ်ထောင့်ခြောက်ရာေ ကျာ်ရှိခဲ့ တာ ကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်လေးရာနီးပါး လျော့နည်းပြီး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ FOB ဈေး တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၄၄၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ဆယ်သိန်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)