Main menu

Background

ရှမ်းနနွင်း အရည်အသွေးကောင်းလို့ ဈေးကောင်းနေ

Mon, 04/02/2012 - 05:00 -- Anonymous (not verified)

    ဒီတစ်နှစ်ထွက်တဲ့ ရှမ်းနနွင်းတွေက အရည်အသွေးကောင်းလာတာကြောင့် ဈေးလည်းပြန်ကောင်းလာပါတယ်။ တရုတ် ဝယ်လက်တွေ ပြန်ဝယ်ယူခြင်းမရှိသေးပေမဲ့ ပြည်တွင်းသုံးဟင်းခတ်အမွှေးအကြိုင်နဲ့ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေမှု ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။ နနွင်းကလည်း ဈေးကွက်မှာ လက်ကျန်သိပ်မရှိ ပါဘူး။ တောင်သူတွေက ဈေးကောင်းရမှသာ ဖော်ကြရမှာဖြစ်တာကြောင့် ဈေးကွက်မှာ သိပ်မရှိဘူးလို့ ပွဲရုံတွေကသိရပါတယ်။ ပင်လောင်းနနွင်းကတော့ အခုအချိန်ထိ အဝင်မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တောင်ပို့ နနွင်းတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးရှိပါတယ်။ ပင်လောင်းနနွင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးသာ ရှိပါတယ်။ ဟိုပုံးနနွင်းတစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ပွဲရုံတွေက သိရပါတယ်။ဧဧခိုင်