Main menu

Background

အိန္ဒိယနနွင်း ဝင်ရောက်မှုများတာကြောင့် ဈေးနှုန်းအားပျော့

Mon, 04/02/2012 - 05:00 -- Anonymous (not verified)

    အိန္ဒိယနနွင်းဈေးကွက်များကို နနွင်းအိတ်ဝင်ရောက်မှုများတာကြောင့် မတ်လ ၂၈ ရက်က တစ်တန်ရူပီး ၂၅၀၀-၃၀၀၀ (ကန်ဒေါ်လာ ၄၉-၅၉) ကျဆင်းခဲ့ပါတယ်။ နနွင်းအိတ် ၂၃၀၀၀ ဝန်းကျင် ဝင်ရောက်လာပေမဲ့ နေ့စဉ်ဈေးနှုန်း ကျဆင်း တာကြောင့် ဝယ်လက်များက ဝယ်ယူမှုနှောင့်နှေးနေကြတယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ၅၀ ရာခိုင်နှုန်းခန့်တော့ ဝယ်ယူမှု ရှိတယ် လို့သိရပါ တယ်။ ပြည်တွင်းကုန်သည်များဟာ ဒေသတွင်း မဆလာကုမ္ပဏီများနဲ့ အခြားမှာယူမှုများဖြည့်ဆည်းဖို့ နနွင်းဝါများကို ဈေးအနိမ့်နဲ့ ဝယ်ယူခဲ့ကြပါတယ်။    တောင်သူတွေကတော့ ဈေးအကျဘက်ကို သွားနေခြင်းအပေါ် စိတ်ပျက်နေကြတယ်လို့ အီရော့နနွင်း ကုန်သည်များ အသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှဆိုပါတယ်။  နီဇမ်မာဘတ်နဲ့ ဆင်းလီမှာရှိတဲ့ အခြား ဈေးကွက်တွေမှာ ဘဏ္ဍာနှစ် ကုန်ကာနီးလို့ လည်ပတ်မှုမရှိဘဲ ဧပြီလပထမသီတင်းပတ်မှသာ ပြန်လည် လည်ပတ်မယ်လို့ဆိုပါတယ်။ ကြိုပွိုင့်ဈေးဟာ ဆက်လက်တည်ငြိမ်နေပေမဲ့ အီရော့ဈေးကွက်မှာ ရောင်းချမှုကို သက်ရောက်မှုမရှိဘူးလို့ဆိုပါတယ်။      ဈေးကွက်အားလုံးက ဈေးများကျဆင်းနေပြီး လာမယ့်သီတင်းပတ်တွေမှာလည်း ဝင်ရောက်မှုမြင့်တက် နေဦးမယ်လို့ ကုန်သည်များက ဆိုပါတယ်။ အချို့ဒေသတွေမှာ နနွင်းတောင်သူများ ဧကတစ်သိန်းကျော်ရိတ်သိမ်းပြီး ဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့် ဧပြီလကုန်မှာ ရောင်းချဖို့ အမြောက်အမြားဝင်ရောက်လာဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ဧပြီလ ပထမပတ်အတွင်း အိန္ဒိယ မြောက်ပိုင်းမှ အမှာအသစ်များရရှိနိုင်လို့ ဒုတိယပတ်မှာ ဈေးမြင့်တက်နိုင်တယ်လို့ ကုန်သည်များက မျှော်လင့်နေ ကြပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန်ကို ရူပီး ၂၅၀၉၀-၃၇၉၉၀ (ကန်ဒေါ်လာ ၄၉၁-၇၄၃) ဈေးရှိပြီး နနွင်းဥဈေးက ရူပီး ၂၄၃၆၀-၃၅၆၄၀ (ကန်ဒေါ်လာ ၄၇၇-၆၉၇) ရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: business line