Main menu

Background

အိန္ဒိယ ကြက်သွန်နီလက်ကားဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့်တက်

Mon, 04/02/2012 - 05:04 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အနိမ့်ဆုံးတင်ပို့ဈေးနှုန်း  MEP ကို ယခင်လက တစ်တန်ကန်ဒေါ်လာ ၁၅၀ မှ ၁၂၅ ကို လျှော့ချ လိုက်ပြီးတဲ့ နောက်ပိုင်း  Nashik   ခရိုင်အတွင်းရှိ  စိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက် ကော်မတီများ (APMCS) မှာ ကြက်သွန်နီ လက်ကားဈေး ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။ အဓိကဈေးကွက်များမှာ ဘဏ္ဍာနှစ်ပိတ်အတွက် ကုန်သည်များနှစ်စဉ် စာရင်းများအပြီးသတ် ပိတ်ရမှာဖြစ်လို့ ဧပြီလ ၂ ရက်အထိ ကြက်သွန် လေလံများ ပိတ်ထားတယ်လို့ သိရပါတယ်။    ကြက်သွန်နီများ MEP  ဈေးနှုန်းများ လျှော့ချပေးခြင်းကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်မှာ ကြက်သွန်တစ်ကွင်တယ်ကို ရူပီး ၃၂၅-၃၇၅ (ကန်ဒေါ်လာ ၆ ဒသမ ၄၁ - ၇ ဒသမ ၄၀) ဝန်းကျင်မှာရှိရာမှ ယခုသီတင်းပတ်မှာ တစ်ကွင်တယ်ကို ရူပီး ၃၄၀-၄၇၅ (ကန်ဒေါ်လာ ၆ ဒသမ ၇၁ - ၉ ဒသမ ၃၇) ဝန်းကျင်အတွင်း တိုးတက်တည်ငြိမ်လာခဲ့ပါတယ်။    နွေကြက်သွန်များ ယခုစတင်ဝင်လာနေပြီဖြစ်ပြီး၊ နောက်သီတင်းပတ်များတိုင်အောင် ဝင်ရောက်မှုတည်ငြိမ်ဖွယ်ရှိကြောင်း သိရပါတယ်။ နွေကြက်သွန်သက်တမ်းဟာ ၆ လမှ ၈ လနီးပါးရှိတာကြောင့် တောင်သူများ သိုလှောင်ထားဖို့ အားသန်နေကြပါ တယ်။ ဒါ့အပြင် မိုးနှောင်းကြက်သွန် ရိတ်သိမ်းမှုကလည်း ပြီးဆုံးလုပြီဖြစ်ပြီး၊ ဧပြီလ ၁၅ ရက် ဝန်းကျင်တိုင်အောင် ဆက်လက် ဝင်ရောက်ဖွယ်ရှိကြောင်း သိရပါတယ်။ (၁ ကွင်တယ်= ၁၀၀ ကီလိုဂရမ်)ယမင်းခင်၊Source: Indiatimes.com