Main menu

Background

အီသီယိုးပီးယား ပို့ကုန်ဇုန်တွင် တစ်နှစ် ကန်ဒေါ်လာ ၄ ဘီလီယံဖိုး ဝင်ငွေရှိမည့် စက်ရုံကို တရုတ်ထူထောင်တော့မည်

Mon, 04/02/2012 - 05:09 -- Anonymous (not verified)

တရုတ်နိုင်ငံ ဖိနပ်ထုတ်လုပ်သူဖြစ်တဲ့  Huajian Group ကုမ္ပဏီက အီသီယိုးပီးယားနိုင်ငံမှာ ကုန် ထုတ်လုပ်မှုဇုန်ကိုထူထောင်ဖို့ စီစဉ်လျက်ရှိပြီး ၎င်းလုပ်ငန်းမှ ဆယ်စုနှစ်အတွင်း တစ်နှစ်ကို တင်ပို့မှုမှ ကန်ဒေါ်လာ ၄ ဘီလီယံအထိရရှိနိုင်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Huajian Group က ပြောကြား လိုက်တယ်။ Dongguan နဲ့ Gaungdong   ပြည်နယ်တို့မှာ အခြေစိုက်ထားတဲ့ Huajian Group   က နှစ်စဉ် ဖိနပ်အရန်ပေါင်း သန်း ၂၀ နီးပါးကို ထုတ်လုပ်လျက်ရှိပြီး အမျိုးအစားတွေမှာ  Calvin Klein နဲ့ Guess   တိ့ုဖြစ်ပါတယ်။ အီသီယိုးပီးယားက လွန်ခဲ့တဲ့နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်းမှာ သားရေနဲ့ သားရေထုတ် ကုန်များ သင်္ဘောတင်ပို့မှုမှ ကန်ဒေါ်လာ ၆၅ ဒသမ ၈ သန်းရှိခဲ့ကြောင်းနဲ့  ယခင်နှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရာမှာ ၆၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနအဆိုအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးစာတင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါတယ်။ အီသီယိုးပီးယားက အာဖရိကမှာ တိရစ္ဆာန်အများဆုံးမွေးမြူသူဖြစ်ကြောင်း သိရှိရ တယ်။ အီသီယိုးပီးယားက  လွန်ခဲ့တဲ့ ငါးနှစ်ကျော်အတွင်းမှာ ကန်ဒေါ်လာ ၄၀ ဒသမ ၃ ဘီလီယံဖိုးကို ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေအတွက် လိုင်စင်ချပေးခဲ့ကြောင်းနဲ့ သားရေထုတ်ကုန်တွေနဲ့ ခရီးသွား လုပ်ငန်းအပါအဝင်  ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုကို အဓိကဦးစားပေးတဲ့ ဥပဒေတွေချမှတ်ဖို့ အကူအညီပေးခဲ့ကြောင်း သတင်းရရှိပါတယ်။Source:nazret.com,  အေးမွန်မွန်လှိုင်