ယခုရက်ပိုင်းအတွင်းတွင် မြန်မာ့ ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက် အကျများရှိနေမှုတို့ကြောင့်မတည်မငြိမ် ဖြစ်ကာ အတက်အကျများ ဖြစ်နေခဲ့ ကြောင့် ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာ့ရွှွေဈေးသည် အကျဘက်သို့ဦး တည်နေခဲ့ရာမှ ယခုတစ်ပတ်အတွင်း တွင် အတက်ဘက် သို့ ဦးတည်နေကာ အတက်အကျများဖြင့် မတည်မငြိမ်ဖြစ် နေခဲ့ကြောင်း သိရသည်။"ဒီတစ်ပတ်အတွင်းမှာ ရွှေဈေးက တကယ့်ကို မငြိမ်ဘူး။ တက်ရင်လည်း တက်၊ ဒါမှမဟုတ် ကျရင်လည်း ကျ၊ အခုတော့ အဲဒီလိုမဟုတ်ဘူး။ တက် လိုက်ကျလိုက်နဲ့။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေပေါက်ဈေးကိုလိုက်ပြီး ဈေးဖွင့် တာဆိုတော့ ကမ္ဘာ့ရွှေဈေး မတည် မငြိမ်ဖြစ်လေ မြန်မာ့ရွှေဈေးလည်း အတက်အကျများလေပဲ။ ဒီလိုဖြစ်တဲ့ အတွက် ရွှေဝယ်ရောင်း လုပ်နေတဲ့သူ တွေအတွက် ဒုက္ခများတာပေါ့။ ဈေး ကျတော့မယ်ဆိုပြီး ရောင်းလိုက်တော့ မှ ဈေးကပြန်တက်လာ။ တစ်ခါ ဈေးကျ သွားပြီဆိုပြီး ဝယ်ထားလိုက်ခါမှ ဈေး ကထပ်ပြီးကျ။ အဲဒါနဲ့ ရွှေဝယ်ရောင်း လုပ်တဲ့သူတွေလည်း ငြိမ်နေကြတယ်။ ဈေးကွက်ထဲ မှာတော့ ရွှေ က ဈေးကျ တဲ့နေ့ဆိုရင်တော့နည်းနည်းအဝယ်လိုက် တယ်။ အထည်တွေကတော့ ဒီရာသီ မှာက ရောင်းရတာများ တယ်။ စပါး ပေါ် ပဲနှမ်းပေါ်တဲ့ အချိန်ဆိုတော့ အထည်ကတော့ ရောင်းနေရတာပဲ"ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ် သားလျှင် မတ် ၂၆ ရက်က ကျပ် ၇၂၃၅၀၀ ရှိခဲ့ရာမှ မတ် ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေးတက်လာမှုကြောင့် ကျပ် ၇၂၆၈၀၀ သို့ တက်လာခဲ့သည်။ ထို့ နောက် မတ် ၂၉ ရက်တွင် ကျပ် ၇၂၃၇၀၀ သို့ ပြန်ကျလာခဲ့ပြီး မတ် ၃၀ ရက်တွင် ကျပ် ၇၂၄၅၀၀ သို့ ပြန်တက် လာခဲ့သည်။ ယခုတစ်ပတ်အတွင်းတွင် ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံး ၁၆၇၇ ဒေါ်လာအထိ တက်လာခဲ့သည်။မယ်သီတာ
Background