ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော်သာဝင်ခဲ့ပြည်တွင်းကို မတ် ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၂၈၀၂၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန်က ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန် ၂၀၊ ထိုင်း နိုင်ငံမှ ကျောက်ဆူးတံဆိပ် ဘိလပ်မြေတန်ချိန် ၆၁၀၀ ၊ စိန်တံဆိပ်ဘိလပ်မြေတန် ချိန် ၁၆၇၀၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၅၂၀၀ အသီးသီးမှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ကိုးသောင်းကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် လေးဆကျော်လောက် လျော့နည်း ခဲ့ပါတယ်။ MIRT (DOT)ယခုအပတ်နယ်စပ်မှ ဘိလပ်မြေ တန် ၃၀၀၀ ကျော်အသွင်းရှိမတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၃၀၃၈ တန်ကို တင်သွင်းမှုရှိခဲ့ပါတယ်။ နယ်စပ် အလိုက်တင်သွင်းနိုင်မှုတွေကတော့ တာချီလိတ်မှ ၁၀၈၈ တန်၊ ကန်ပိုက်တီးမှ ၉၄၂ တန်၊ မြိတ်မှ တန် ၉၅၀ နဲ့ ချင်းရွှေဟော်မှ ၅၈ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၂၁၀ ခန့်အသွင်းလျော့ခဲ့ပါတယ်။ တာချီလိတ်နဲ့ မြိတ် နယ်စပ်တို့မှ အသွင်းပိုပြီး ကန်ပိုက်တီးနဲ့ ချင်းရွှေဟော်မှ အသွင်းလျော့ကာ မောင်တောနယ်စပ်မှ ယခုအပတ်မှာ အသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT (DOBT)အရောင်းပုံမှန်လေးနဲ့ ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ် ကောင်းတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပြုပြင်ရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်လာတာကြောင့် ဘိလပ်မြေအရောင်းအဝယ် လည်း နည်းနည်းကောင်းလာတယ်လို့ ပြောပါတယ်။ ဘိလပ်မြေရောင်းအားရှိလာ ပေမဲ့လည်း ဈေးကတော့ ငြိမ်နေတယ်လို့ ဆိုပါတယ်။ မြင်းခေါင်းက တစ်အိတ်ကို ၂၉၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေက ၅၀၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က တစ်အိတ်ကို ၃၉၅၀ ကျပ်နဲ့ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ အရောင်းပုံမှန်ရှိသလို ဈေးကလည်းငြိမ်နေတယ်လို့ ဆို ပါတယ်။ အရောင်း ပုံမှန်ရှိနေတဲ့ ဘိလပ်မြေတွေထဲမှာ ဒီတစ်ပတ်အရောင်းသွက်တဲ့ ဘိလပ်မြေက စိန် တံဆိပ်နဲ့ နဂါးတို့ဖြစ်ပါတယ်။ စိန်(ယိုးဒယား)က ၇၄၀၀ ကျပ်၊ ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၅၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်ထက်စာရင် ဒီတစ် ပတ်မှာ နည်းနည်းအရောင်းအေးလာပြီး ဈေးငြိမ်နေတယ်လို့ ပြောပါတယ်။ ဒီတစ် ပတ်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်တံဆိပ်ဘိလပ်မြေက ၄၈၅၀ ကျပ်၊ စိန်တံဆိပ် ဘိလပ်မြေက ၄၇၅၀ ကျပ်၊ ကျောက်ဆူးဘိလပ်မြေက ၄၅၅၀ ကျပ်နဲ့ မြင်းခေါင်းက ၃၉၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက် ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးက အပြောင်းအလဲမရှိဘဲ ငြိမ်နေတယ်လို့ ပြောပါတယ်။ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းက တစ်အိတ်ကို ၄၂၀၀ ကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။MIRT (DOT)
Background