Main menu

Background

နှမ်းလက်ကျန်တင်ပို့မှု လျော့ကျလျက်ရှိ

Mon, 04/02/2012 - 07:34 -- Anonymous (not verified)

    လက်ကျန်နည်းလာပြီဖြစ်တဲ့ နှမ်းကို ပြည်ပတင်ပို့ရာမှာ ယခင်တစ်ပတ်ထက်လျော့ကျတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၉၄၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်) အတွင်း တန်ချိန် ၄၀၀ ခန့်သာတင်ပို့မှု ရှိတာ တွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ကိုဖြစ်ပြီး ပမာဏများများ တင်ပို့တာကတော့ တောင်ကိုရီးယားကိုဖြစ်ပါတယ်။    လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၁၆၀၀၀ ကျော်ရှိပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၁၆၇ သန်းနီးပါးရရှိထားလို့ ယခင်နှစ်က ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၈ သောင်းနီးပါး ကန် ဒေါ်လာ ၁၁၃ သန်းကျော်နဲ့ ယှဉ်ရင် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။                                                MIRT - MAPT