အိုကေနို့စိမ်း တစ်မျိုးသာဝင် ဒီသီတင်းပတ်ဖြစ်တဲ့ မတ် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း နို့ဆီ^စိမ်း တန်ချိန် ၂၆၅ ဒသမ ၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ် သိန်းရှစ်ထောင်ကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ နို့ဆီ အဝင်မရှိခဲ့ပါဘူး။ နို့စိမ်းက နှစ်ပတ် ဆက်တိုက် အဝင်ပျောက်ခဲ့ပြီး ဒီတစ် ပတ်မှသာ ပြန်လည်တင်သွင်းခဲ့တာ ဖြစ် ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်းက အိုကေ တံဆိပ်ပဲဖြစ်ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ မလေးရှား နိုင်ငံမှ ၄ ဒသမ ၉၈ တန်၊ နယူးဇီလန် နိုင်ငံမှ ၂၂၄ ဒသမ ၆၁ တန်၊ စင်ကာ ပူနိုင်ငံမှ ၉ ဒသမ ၃၅ တန်၊ သြစတြေး လျနိုင်ငံမှ ၁ ဒသမ ၆၃ တန်၊ အင်ဒိုနီး ရှားနိုင်ငံမှ ၁ ဒသမ ၀၅၆ တန်၊ စုစု ပေါင်း ၂၄၁ ဒသမ ၆၃ တန်တင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုကို ကြည့်ရင် နယူးဇီလန်နိုင်ငံမှ အများဆုံး တင်သွင်းတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ရာ့ကိုးဆယ် ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် လေးဆယ်ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ ယခုအပတ် နို့ဆီသာ အသွင်းရှိမတ် ၂၁ ရက်မှ ၂၇ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၃၉ သန်းတန်ဖိုးရှိ နို့ဆီ ၄၂ တန်ခန့် (၂၂၀၀ တာ) ကို ကော့သောင်းနယ်စပ် မှ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်းအသွင်းရှိခဲ့ပြီး ယခုအပတ်မှာ တော့ နို့ဆီသာ အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 650 680 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 630 660 အိုကေ(နို့ဆီ) 600 610 အိုကေ (နို့စိမ်း) 600 600
Background