Main menu

Background

နယ်စပ်မှနှမ်းတင်ပို့မှု တန် ၆၄၀ သာရှိ

Mon, 04/02/2012 - 07:34 -- Anonymous (not verified)

    ယခုအပတ် မတ်လ ၂၁ မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၅၀၀နဲ့ နှမ်းဖြူ ၁၄၇ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်မူဆယ်မှနှမ်းတင်ပို့မှုနဲ့ နှိုင်းယှဉ်လျှင် တန် ၂၇၀ ကျော် လျော့ နည်းခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်ကာလနီးကပ်လာပြီဖြစ်လို့ ပို့ကုန်ပစ္စည်းများ ဝင်ရောက်မှုနည်းနေတယ်လို့ မူဆယ် ကုန်သည် လောကမှ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမြေပြင်နှမ်းဈေးများ ယခင်အပတ်ထက် အနည်းငယ်မြင့်လျက်ရှိ တယ်လို့ ကုန်စည်ဒိုင် ဈေးနှုန်းကြေညာလွှာအရ သိရှိရပါတယ်-                    မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု           ယခင်      ပြောင်းလဲမှု    %         ယခု     ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ    ၁၀၀၄၀၃၈    ၁၀၀၂၇၅၃       ၁၂၈၅       ၀ .၁    ၁၂၄၃    ၁၂၃၉        ၄            ၀ .၃နှမ်းနက်    ၁၁၁၉၄၂၃    ၁၁၁၇၉၉၀      ၁၄၃၃      ၀ .၁    ၁၃၈၆    ၁၃၈၂        ၄            ၀ .၃    MIRT (DOBT)