ယခုအပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲနဲ့နှမ်းဈေးမာလာတာကြောင့် ပဲဆီ၊ နှမ်းဆီဈေးသာမက စားအုန်းဆီဈေးပါ အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ ခုလိုဆီထွက်သီးနှံ ဈေးမာလာခြင်းဟာ တရုတ်ပြည် တင်ပို့မှု ရှိလို့မဟုတ်ဘဲ ဒေသတွင်းဆီစက်သမားတွေ ကုန်ကြမ်းပစ္စည်းစုဖို့အတွက် အဝယ်သွက်လာတာကြောင့်ဖြစ်တယ်လို့ ပွဲရုံ ရပ်ကွက် က ပြောပါတယ်။ ဒီတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆီထွက်သီးနှံတွေနဲ့ စားဆီတွေရဲ့ အနိမ့်ဆုံးနဲ့အမြင့်ဆုံးပေါက်ဈေးတွေ ကတော့ မြေပဲဆံနီတစ်ပိဿာ ၁၈၂၅ ကျပ်မှ ၁၉၂၅ ကျပ်၊ မြေပဲဆံဖြူတစ်ပိဿာ ၁၆၇၅ ကျပ်မှ ၁၈၂၅ ကျပ်၊ မြေပဲလုံးဆံတစ်တင်း ၂၈၅၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၂၃၀၀၀ ကျပ်မှ ၂၄၅၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၃၅၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၄၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၈၀၀ ကျပ်မှ ၂၉၅၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ် အသီးသီးဈေးမာခဲ့ကြတာတွေ့ရပါတယ်။ ပစ္စည်းအဝင်အနေနဲ့ နယ်စုံကပုံမှန်ဝင်ရောက်မှုရှိတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ထွန်းလှိုင်
Background