Main menu

Background

အမေရိကန်ပဲပုပ်စိုက်ပျိုးမှုနဲ့ သိုလှောင်မှုအစီရင်ခံစာများအရ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေး တတိယနေ့အဖြစ် ဆက်လက်ကျဆင်း

Mon, 04/02/2012 - 07:38 -- Anonymous (not verified)

    စားဆီဝယ်လိုအားကောင်းမွန်ခြင်းက ဈေးနှုန်းကျဆင်းမှုကို တန့်စေခဲ့ပေမဲ့ အမေရိကန်ရဲ့ အဓိကပဲပုပ် စိုက်ပျိုးမှု၊ သိုလှောင်မှု အစီရင်ခံစာအပေါ် ကုန်သည် များ သတိထားလာကြတာကြောင့် မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေး ၃ ရက်မြောက် အနေနဲ့ ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ တောင် အမေရိကမှာ မိုးခေါင်တာကြောင့် ပဲပုပ်ရောင်းချမှုနည်း တဲ့အတွက် စားအုန်းဆီကို ပြောင်းလဲဝယ်ယူဖွယ်ရှိတဲ့အတွက် စားအုန်းဆီကြိုပွိုင့်ဈေးက ခိုင်မာခဲ့ရာ တစ်တန် ရင်းဂစ် ၃၅၀၀ (ကန်ဒေါ်လာ ၁၁၄၀) နားကပ်လာခဲ့ပါတယ်။     ဒါပေမဲ့ ဈေးကွက်ကစားသူများဟာအမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အမေရိ ကန်ပဲပုပ်စိုက်ပျိုးမှုရဲ့ လက်ကျန် ခန့်မှန်းချက်များ ထွက်လာတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှု များ ထုတ်ရောင်းတာတွေရှိလာလို့ သီတင်းပတ်နှောင်းပိုင်းမှာ စားအုန်းဆီဈေးအား ပျော့လာခဲ့ပါတယ်လို့ စင်ကာပူရှိ  DMG သုတေသနမှ လေ့လာဆန်းစစ်သူ Selena Leong ကဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇွန်လအခြေခံစံနှုန်း စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ  သုည ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကန် ဒေါ်လာ ၁၁၁၈ ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်အစပိုင်းအတွင်း အမြင့်ဆုံးရင်းဂစ် ၃၄၉၇ (ကန်ဒေါ်လာ ၁၁၃၉) ရှိခဲ့လို့ ၂၀၁၁ မတ်လ၁၀ ရက်နောက်ပိုင်း အမြင့်ဆုံး ပမာဏဖြစ်ခဲ့ပါတယ်။     စားအုန်းဆီရင်းနှီးမြှုပ်နှံသူများဟာ လာမယ့်လတွေမှာ ထွက်ရှိမယ့်ပဲပုပ် ထွက်ရှိမှုအပေါ်USDA  ရဲ့စိုက်ပျိုးမှု အစီရင်ခံစာကို စောင့်ကြည့်လျက်ရှိနေပါ တယ်။ပဲပုပ်ရောင်းချမှုနည်းခြင်းဟာ ကမ္ဘာ့ဈေးကွက်မှာ ပဲပုပ်ဆီကြိတ်ခွဲ မှုထက် ယှဉ်ပြိုင်နိုင်တဲ့စားအုန်းဆီကို ဝယ်လိုအားမြင့်တက်စေနိုင်ပါတယ်။ ကုန်သည်များဟာ ဆီဝယ်လိုအား ပုံမှန်တိုးတက်နေလို့ မတ်လစားအုန်းဆီတင်ပို့မှုဟာ ဖေဖော်ဝါရီလ ထက်ပိုမယ်လို့ ကုန်သည်များက မျှော်လင့်ကြပါတယ်။ ပထမ ၂၅ ရက်အတွင်း တင်ပို့မှုဟာ ၆ ဒသမ ၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေး သူများက ဆိုပါတယ်။    နွေရာသီအပူဆုံးကာလအတွင်း ကမ္ဘာ့ရေနံအများဆုံးသုံးစွဲနေတဲ့ ဓာတ်ငွေ့ ဈေးကွက်မှာ ရောင်းချမှုနည်းခြင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ရောင်းချမှုအဟန့်အတား များအရ ရေနံဈေးနှုန်းဟာ မတ်လ ၂၉ ရက်မှာ ကန်ဒေါ်လာ ၁၂၃ ထိ မြင့်တက်ခဲ့ပါ တယ်။ အခြားဟင်းသီးဟင်းရွက်ဈေးကွက်မှာ မေလစာချုပ်အတွက် အမေရိကန် ပဲပုပ်ဆီ ဈေးက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်ဒေလီယံ ကုန် စည်ဒိုင်မှာ ၂၀၁၂  စက်တင်ဘာလ ပဲပုပ်ဆီ စာချုပ်ဈေးမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့သိရပါတယ်။             ယုဇန၊Source: Reuters