Main menu

Background

ငါးပွက်ရာ ငါးစာချခဲ့တဲ့ စက်မှုဇုန်မြေဈေး ပြန်ငြိမ်ပါဦးမလား

Mon, 04/02/2012 - 08:00 -- Anonymous (not verified)

ငါးပွက်ရာ ငါးစာချတတ်တာဟာ မြန်မာ့စီးပွားရေးလောကမှာ တွင်ကျယ်ခဲ့တာကြာခဲ့ပါပြီ။ မြန်မာ့စီးပွားရေးအခြေအနေဟာ ခေတ် စနစ်အခြေအနေတွေကြောင့်သာမက လိုက်လျောညီထွေမှု မရှိတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေကြောင့် နိုင်ငံတကာ နဲ့ရင်ပေါင်တန်းနိုင် ခြင်းမရှိခဲ့ဘဲ နိမ့်ကျလုနီးပါးဖြစ်ခဲ့ရတယ်။အဲဒီလို စီးပွားရေးနိမ့်ကျခဲ့မှုကို ကုစားနိုင်ဖို့အတွက် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတချို့ဟာ ကောင်းနိုးရာရာ စီးပွားရေးလုပ် ငန်းတွေကို လုပ်ဆောင်ခဲ့ရာမှာ အိမ်ခြံမြေဈေးကွက်ဟာ မြန်မာနိုင်ငံ မှာ တွင်ကျယ်လာမယ့် အခြေအနေတစ်ရပ်ကို မြင်လာခဲ့တာကြောင့် အိမ်ခြံမြေဘက်ကိုလှည့်ပြီး ဈေးကစားမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲဒီလိုဈေးကစားမှုတွေပြုလုပ်ရင်း အမြတ်အစွန်း များများပြား စွာရရှိလာခဲ့မှုကြောင့် စီးပွားရေးတိုးတက်အောင်လုပ်ဆောင်ဖို့ထက် အိမ်ခြံမြေ ဈေးကစားမှု ကိုပဲ ကျွမ်းကျင်နိုင်နင်းစွာ လုပ်ကိုင်လာခဲ့ကြပါ တော့တယ်။ ဒါကြောင့်လည်း အိမ်ခြံမြေဈေးကွက်ဟာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လာခဲ့တာကို အားလုံးသိခဲ့ကြမှာပါ။ အိမ်ခြံမြေ ဈေးကွက်မြင့်တက်ခဲ့မှုနဲ့အတူ စက်မှုဇုန်တွေမှာ ရှိတဲ့ မြေကွက်တွေ ဟာလည်း မြင့်တက်ခဲ့ပါတယ်။ ဒဂုံတောင်စက်မှုဇုန်၊ ဒဂုံအရှေ့စက်မှုဇုန်၊ လှိုင်သာယာစက်မှု ဇုန်၊ ရွှေပြည်သာစက်မှုဇုန်စတဲ့ စက်မှုဇုန်တွေမှာရှိတဲ့ မြေကွက်တွေ ဟာ ဈေးတွေအဆမတန် မြင့်တက်ခဲ့တဲ့အတွက်  အားလုံးစိတ်ဝင် တစား ရှိလာခဲ့ကြပါတယ်။အထူးသဖြင့် အစိုးရသစ်လက်ထက်မှာ စီမံကိန်းလုပ်ငန်းတွေ တိုးချဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာရန် ရှိခြင်းစတဲ့အချက် တွေကြောင့် အဆိုပါစက်မှုဇုန်မြေဈေးကွက်ဟာ တစ်နေ့တခြား မြင့် တက်ခဲ့ပြီး သာမန်စီးပွားရေးလုပ်ကိုင်သူများ လိုက်မမီနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရပါတယ်။လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်က စက်မှုဇုန်မြေကွက်များမှာ သိန်း ၈၀၀ ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအခါမြေနေရာအနေ အထားကိုလိုက်ပြီး တစ်ဧကလျှင် သိန်း ၂၂၀၀မှ သိန်း ၂၅၀၀ အထိ ရောက်ရှိခဲ့တာကိုတွေ့ရပါတယ်။ အဲဒီလိုမြင့်တက်ခဲ့ပေမယ့် စက်မှု ဇုန်မြေကွက်တွေဟာ ဆက်လက်ပြီး အရောင်းအဝယ်ဖြစ်နေခဲ့တာပါ။စက်မှုဇုန်မြေကွက်များရဲ့ ဈေးနှုန်းများ မြင့်တက်ခဲ့ရခြင်းက မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မူလဈေးမြင့်တက်ခဲ့ မှုကြောင့် ဖြစ်ကြောင်း ယူနတီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော် က ပြောကြားခဲ့ပါတယ်။"စက်မှုဇုန်မြေဈေးတွေတက်ရတာက မူရင်းဈေးပေါ့။ အိုးအိမ် ကိုသွင်းရတဲ့ မြေဈေးက တက်လာတဲ့အခါကျတော့  ပြန်ရောင်းတဲ့ အခါ ဈေးကတက်လာတာပဲ။ အိုးအိမ်က အရင်တုန်းက တစ်ဧကကို သိန်း ၁၂၀ ပဲရှိတာ။ နောက် ကျပ်သိန်း ၁၈၀-၂၀၀ ကျော်အထိဖြစ် လာတယ်။ အခုဆိုရင် ကျပ်သိန်း ၃၀၀-၃၅၀ လောက်အထိကို ဖြစ် လာတာဆိုတော့ ပြန်ရောင်းတဲ့အခါ ပိုပြီးတက်လာတာပေါ့။ နောက် ပြီး တစ်ဆင့်တစ်ဆင့် လက်လွှဲရောင်းကြတဲ့အတွက် ဈေးက တဖြည်း ဖြည်းနဲ့မြင့်လာတာပဲ"လို့ ပြောခဲ့ပါတယ်။ယခုအခါ အစိုးရသစ်လက်ထက်မှာ ပြည်ပက ရင်းနှီးမြှုပ်နှံသူ များ ဝင်ရောက်လာမှာ သေချာသလောက်ရှိနေတာကြောင့် စက်မှုဇုန် မြေဈေးကွက်ဟာ  အခုလတ်တလောအနေအထားမှာ ငြိမ်သက်နေ ပေမယ့် နောင်တစ်ချိန်မှာ ပြန်လည်ကောင်းလာနိုင်တယ် လို့ ဆိုပါ တယ်။ ဒါ့ပြင် ပြန်လည်ပြင်ဆင်ထား တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ထွက်လာပါက ပြည်ပမှလုပ်ငန်းရှင်များ ဟာ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးနိုင်တာကြောင့်လည်း စက်မှုဇုန်မြေကွက်များဟာ ပြန်လည်ဦးမော့လာနိုင်ကြောင်း သိရပါတယ်။အထူးသဖြင့် သီလဝါစက်မှုဇုန် မြေကွက်ဈေးတွေဟာ ထင် မှတ်မထားတဲ့ဈေးအထိ အရောင်းအဝယ်ဖြစ်ခဲ့တာဟာ ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာတော့မယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ရကြောင်း  စိုင်းခွန် နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ပြောပြချက်အရသိရပါ တယ်။"င်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီ သီလဝါစက်မှုဇုန်ကိုလာတော့ မယ်ဆို တဲ့သတင်းကြောင့် စီးပွားရေးသမားတွေက ငွေကိုကိုင်ပြီး ကစားကြတော့တာပဲ။ အဲဒီမှာ ဘယ်လိုမှ မပေါက်တဲ့ဈေးကို ပေးပြီး ဝယ်ကြတယ်။ ဈေးခေါ်ပြီး ရောင်းကြတယ်။ အဲဒီတော့ ဈေးက အဆမတန် တက်လာတော့တာပေ့ါ။ အခုတော့  အဲဒီမြေကွက်ကို ဝယ်မိလိုက်တဲ့နောက်ဆုံးငွေရှင်က ပိုက်ဘောမိသလိုဖြစ်နေတာပေါ့""စက်မှုဇုန်တွေမှာ နဂိုမြေကွက်ချပေးကတည်းက ဥပဒေရှိတာ ပဲ။ စာချုပ် ချုပ်ကတည်းက စက်ရုံကို ဘယ်နှစ်လအတွင်း ဆောက် ရမယ်ဆိုတဲ့စည်းကမ်းချက်ပါတာပဲ။ ဒါကို လိုက်နာတဲ့သူတွေ အား နည်းတာတွေရှိတယ်။ နောက်ပြီး စက်မှုဇုန်မြေကွက်တွေကိုချပေးတဲ့ အခါမှာလည်း  တကယ်တမ်းစက်ရုံထောင်မယ့်သူ၊ စီးပွားရေးလုပ် မယ့်သူတွေကို ဦးစားပေးပြီး ချပေးတာမျိုးမဟုတ်ဘဲ သူတို့နဲ့နီးစပ်ရာ အသိုင်းအဝိုင်းကိုပဲ ချပေးတာဆိုတော့ အဲဒီသူတွေက မြေဈေးတွေ တက်အောင်လို့လုပ်ခဲ့တဲ့အခါကျတော့ မြေဈေးတွေဟာ မတက်သင့် ဘဲ တက်ခဲ့ရတာပါ"လို့ စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှ ပြောပြခဲ့တာပါ။ကြားဖြတ်ရွေးကောက်ပွဲ ပြီးဆုံးသွားပြီးတဲ့အခါမှာ အစိုးရ သစ်အနေနဲ့ စနစ်မှန်မှန်ကန်ကန်နဲ့ နိုင်ငံတော်ရဲ့စီးပွားရေးကို လုပ် ဆောင်မယ်ဆိုရင် မျှတမှုရှိတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်ပေါ် လာမှာဖြစ်ပါတယ်။  အဲဒီလိုမျှတတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖြစ်ပေါ်လာပါက အိမ်ခြံမြေဈေးကွက်ဟာလည်း ပုံမှန်အနေအထား တစ်ရပ်ကို ရောက်ရှိမှာဖြစ်ပါတယ်။စက်မှုဇုန်မြေကွက်တွေမှာ စက်ရုံ တည်ဆောက်ထားခြင်းမရှိ သေးတဲ့ မြေကွက်တွေဟာ များပြားစွာရှိနေသေးတာကို သိရှိရပါ တယ်။ စက်မှုဇုန်အတွင်း လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ မြေ သားမကောင်းခြင်း၊ လုပ်သားရရှိမှုအခြေအနေ မရှိခြင်းစတဲ့ အခက် အခဲများကြောင့် စက်မှုဇုန်များမှာ တိုးတက်သင့်သလောက် မတိုး တက် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့တာကို မြင်တွေ့နိုင်ပါတယ်။ "စက်မှုဇုန်တွေဟာ များသောအားဖြင့် စက်ရုံမဆောက်ရသေး တဲ့နေရာတွေဟာ လမ်းမကောင်းတာရယ်၊  လုပ်သားအင်အားရဖို့ ခက်ခဲတာရယ်၊ ဖွံ့ဖြိုးမှုမရှိတာရယ် အဲဒါတွေကြောင့် အဲဒီနေရာတွေ ဟာ စည်ကားလာခြင်းမရှိခဲ့ပါဘူး။ အဲဒီကမြေကွက်တွေကို စဝယ် တုန်းက စာချုပ်မှာပါတယ်။ ဘယ်နှစ်လအတွင်း စက်ရုံဆောက်ရမယ်၊ မဆောက်ရင် ပြန်သိမ်းမယ်ဆိုတဲ့ စည်းကမ်းချက်ရှိပေမယ့်လည်း လိုက်နာတဲ့သူနည်းသလို အဲဒီစည်းကမ်းအတိုင်း အရေးယူမှု အပိုင်း မှာလည်း အားနည်းခဲ့တာကြောင့် စက်မှုဇုန်တွေဟာ ထင်သလောက် မဖွံ့ဖြိုးခဲ့တာပါ"လို့ ကိုးကန့်ဟွာကွေ့ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှ ပြောပြခဲ့တာပါ။ယခုနောက်ပိုင်းမှာတော့  မြေအသုံးပြုခွင့်ဆိုင်ရာ အမိန့် ကြော်ငြာစာကို ထုတ်ပြန်ပြီးဖြစ်ရာ  ယင်းအမိန့်ကြော်ငြာစာအရ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံသူများသည် မြေကိုငှားရမ်းပြီး လုပ်ပိုင်ခွင့် ရှိ လာကြောင်းသိရပါတယ်။ မြေကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ရှိရာတွင် လည်း ပထမနှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ရှိပြီး  ၁၅ နှစ် နှစ်ကြိမ်ဖြင့် စုစုပေါင်း နှစ် ၆၀ ငှားရမ်းလုပ်ကိုင်ခွင့်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။စက်မှုဇုန်မြေအခြေအနေများနဲ့ ပတ်သက်ပြီးလည်း အီးယူနိုင်ငံ များ၊ ဂျပန်၊ တရုတ်စတဲ့ လုပ်ငန်းရှင်ကြီးများက ဈေးကွက်အနေ အထားကို လေ့လာစုံစမ်းလျက်ရှိတယ်လို့ စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ စုံစမ်းသိရှိရပါတယ်။"စက်မှုဇုန်မြေကွက်အလားအလာကတော့ နောင်တစ်ချိန်မှာ ပြန်ကောင်းလာနိုင်ပါတယ်။  အခုလည်း အီးယူနိုင်ငံတွေ၊  ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတော်တော်များများက စက်မှုဇုန်မြေဈေးအခြေအ နေတွေကိုလေ့လာစုံစမ်းနေကြပါတယ်"လို့ ပြောကြားခဲ့ပါတယ်။အဲဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့ပါက စက်မှုဇုန်မြေကွက်ဈေးနှုန်းများဟာလည်း ပြန်လည်အသက်ဝင်လာ နိုင်ပြီး ဇုန်အလိုက် ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။