စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ ပိဿာ - ၉၆၀ - ၂ မုံရွာ ၁ ပိဿာ ၇၁၁ ၇၈၉ ၃ မန္တလေး ၁ ပိဿာ ၇၂၉ ၇၂၉ ၄ မကွေး ၁ ပိဿာ ၆၈၅ ၆၈၅ ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲတီစိမ်း(အညာ) အရောင်းအဝယ်အေး ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်း(ခရမ်းရွှေဝါ)က ဈေးနှုန်းသာရှိပြီး အိတ်စပို့အဆွဲအေးနေတယ်လို့ သိရပါတယ်။ ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်တာက ပဲတီစိမ်း(အညာ)စဖြစ်ပြီး တစ် ပိဿာကို အနိမ့်ဆုံး ၉၆၀ ကျပ် (တစ်တန်ကို ၅၈၇၈၉၄ ကျပ်)မှ အမြင့်ဆုံး တစ်ပိဿာကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်) အတွင်း တန် ၂၅၂ ခန့်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေး ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ) က ယခင်အပတ်နဲ့စာ ရင်ဈေး တွေ ကျဆင်းလာသလို တရုတ်ဝယ်လက်ကလည်း ဝယ်အား လျော့လာတယ်လို့ ဆိုပါတယ်။ ပဲတီစိမ်း(အညာ) စကိုတော့ တရုတ် ဝယ်လက်က အရည်အသွေးညံ့တာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ် ယူမှုတွေရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၇၂၉ ကျပ်(တစ်တန်ကို ၄၄၆၄၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်း(အညာ)ကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background