Main menu

Background

ပြောင်း

Mon, 04/02/2012 - 08:04 -- Anonymous (not verified)

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး     ၁ ပိဿာ           ၂၇၀      ၂၇၅                     ၂    လားရှိုး          ၁ ပိဿာ           ၃၅၀        ၃၇၀                  ၃    မူဆယ်          ၁ တန်        ၂၅၉၂၁၄    ၂၇၃၆၂၀        ၄    မန္တလေး          ၁ ပိဿာ           ၃၂၄       ၃၂၈    ၅    မြင်းခြံ            ၁ ပိဿာ            ၃၁၀      ၃၁၀        ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးစွာလာ    တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ရန်ကုန်-မန္တလေးဝယ်လက်အပြင် ဒေသတွင်းအစာစပ်သမားများက ဝယ်အား များလာသလို လှောင်လက်ကုန်သည်များကလည်း  အဆိုပါဈေးနဲ့ အရောင်းများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအ ဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်း အဝယ်ဖြစ်မှုပမာဏလည်း ပိုများလာတယ်လို့ သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာ ပြောင်းကို မန္တလေးဝယ်လက်က အဆွဲသွက်လာပေ မယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၁၀ ကျပ်နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ  ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၂၈ ကျပ်နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်တစ် ဦးကဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန် သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းလာပေမယ့် တရုတ်ဝယ်လက် က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၃၇၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၀၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံ ပြောင်းကုန်သည် တစ်ဦးကဆိုပါတယ်။