စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၀၆၀၀၀ ၄၀၇၅၀၀ ၂ မုံရွာ ၁ ပိဿာ ၆၄၀ ၅၇၅ ၃ ပြည် ၁ ပိဿာ ၆၂၅ ၆၃၀ ၄ ဟင်္သာတ ၁ ပိဿာ ၆၂၅ ၆၂၅ ၅ မန္တလေး ၁ ပိဿာ ၆၃၃ ၆၁၇ မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၀၈၀၀၀ ကျပ်နဲ့ အဝယ်ရှိရာက ၂၈-၃-၂၀၁၂ နေ့မှာတော့ မတ်ပဲကို ဈေးပေး အဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် တစ်တန်ကို ၄၁၂၀၀၀ ကျပ်သို့ ဈေးမြင့်ခဲ့ပြီး ၂၉-၃-၂၀၁၂ နေ့မှာ ဝယ်လိုအား ပြန်ပျော့သွားတာကြောင့် တစ်တန်ကို ၄၀၇၅၀၀ ကျပ်သို့ ဈေးကျ လာကြောင်း သိရပါတယ်။ ရောင်းသူကုန်သည်များကလည်း တက် ဈေးမှာ အရောင်းများပြီး ဈေးပြန်ဆင်းတဲ့အခါမှာတော့ အရောင်း ပြန်နည်းသွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန် ၅၀၆၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၇၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မကွေးတိုင်းဒေသကြီး အောင်လံ ကံမဘက်မှ မတ်ပဲသစ်တွေ နေ့စဉ်အိတ် ၁၀၀၀ ခန့်အဝင်ရှိနေသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၆၃၀ ကျပ် (တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၂၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါ တယ်။ ဟင်္သာတဈေးကွက်မှာတော့ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်အ ဆွဲသွက်နေသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၂၅ ကျပ်(တစ်တန်ကို ၃၈၂၇၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background