စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၅၅၀၀၀ ၄၃၄၀၀၀ ၂ မန္တလေး ၁ ပိဿာ ၆၉၂ ၆၇၅ ၃ မုံရွာ ၁ ပိဿာ ၆၈၀ ၆၄၀ ၄ ပခုက္ကူ ၁ ပိဿာ ၆၉၀ ၆၅၅ ၅ မြင်းခြံ ၁ ပိဿာ ၆၈၅ ၆၃၀ ၆ အောင်လံ ၁ ပိဿာ ၆၈၅ ၆၅၀ ၇ မကွေး ၁ ပိဿာ ၆၈၅ ၆၆၅ ၈ ပြည် ၁ ပိဿာ ၇၀၀ ၆၈၀ ပဲစင်းငုံနီအောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ် လက်က ပြည်ပဝယ်လိုအားရဲ့ အခြေအနေအပေါ်မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၃၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၇၀၀၀ ကျပ် အတွင်း တန် ၁၂၆၅ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါ တယ်။ ပဲဈေးက တစ်ရိပ်ရိပ်ကျဆင်းနေလို့ ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းသွားတယ်။ ဒါကြောင့်အရောင်းအဝယ်ဖြစ်မှုက ယခင်အပတ်နဲ့စာရင် လျော့နည်း သွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက် မှာ ပဲစင်းငုံနီက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက် က ဈေးချပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၆၇၅ ကျပ်(တစ်တန်ကို ၄၁၃၃၆၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၆၀၀ မှ ၇၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံ မှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၄၀ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေကြောင်း သိရပါတယ်။ ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်ကရှိနေပေမယ့် ရန်ကုန်ဝယ်လက်က ဈေးလျော့ပြီး အဝယ် ရှိတာကြောင့် အရောင်းနည်းသွားတယ်လု့ိ ပဲကုန်သည်တစ်ဦးကဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၅ ကျပ်(တစ်တန် ကို ၄၀၁၁၁၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၃၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၃၀ ကျပ်(တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးကွက်အနေ အထားအရ တွက်ချက်ဝယ်ယူမှုတွေ ရှိလာသလို လှောင်လက်ကုန် သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းလာ တယ်လို့သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ ပဲစင်းငုံနီ ဝင်ရောက်မှုက သိသိသာသာနည်းသွားပြီး ဈေးကွက်အတွင်း လက် ကျန်ပဲများကိုသာ ထုတ်ရောင်းမှုတွေရှိလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ နေ့တိုင်းမဖြစ်ဘဲ ရန်ကုန်အဆွဲရှိတဲ့ နေ့မှသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၈၀ ကျပ် (တစ် တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background