Main menu

Background

Thailand Trade Exhabition ၂၀၁၂ ကျင်းပရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

Mon, 04/02/2012 - 08:45 -- Anonymous (not verified)

    ထိုင်းနိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ကြီးမှူးပြီး Inforithm Maze မှစီစဉ်ကျင်းပမယ့်   Thailand Trade Exhabition 2012  ကို ၂၀၁၂ဧပြီလ ၇ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်ရန်အတွက် သတင်းစာရှင်းလင်းပွဲကို မတ်လ၃၀ရက်၊ ၁၄း၀၀ နာရီမှာ မင်းရဲကျော်စွာလမ်း ရှိ မြန်မာနိုင်ငံကုန်သည်များ နဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် RUMFCCI   မှာ ကျင်းပခဲ့ပါတယ်။ ၎င်းသတင်းစာ ရှင်း လင်းပွဲမှာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်း ဒုတိယဥက္ကဌ ဦးဇော်မင်းဝင်း၊ ထိုင်းနိုင်ငံသံရုံး မှ ပထမအတွင်းဝန်၊ ထိုင်းနိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့် တင်ရေးဌာနမှ စီးပွားရေးသံမှူး Mr. Parajub Supenee နဲ့ Inforithm-Maze  မှ အထွေထွေမန်နေဂျာ ဒေါ်ခိုင်နွယ်သိန်း တို့မှ ပြပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှင်းလင်း ပြော ကြားခဲ့ပါတယ်။Thailand Trade Exhabition 2012  မှာ ထိုင်းနိုင်ငံမှ  Food and Beverages ကုမ္ပဏီ ၃၈ ခု၊ Health and Beauty ကုမ္ပဏီ ၃၆ ခု၊ Household and Kitchenware Products  ကုမ္ပဏီ ၂၂ ခု၊ Gift and Decorative items  ကုမ္ပဏီ ၁၄ ခု၊ Leather Products and Footware  ကုမ္ပဏီ ၁၄ ခု၊ Garments and Textiles and Fashion Accessories  ကုမ္ပဏီ ၁၀ ခု၊ Construction Material and Machinery Equipment  ကုမ္ပဏီ ၉ ခု၊ Gem and Jewelry  ကုမ္ပဏီ ၈ ခု၊ Agricultural Equipment     ကုမ္ပဏီ ၆ ခု၊ Autoparts and Accessories ကုမ္ပဏီ ၂ ခု၊  Children Products, Games and Toys  ကုမ္ပဏီ ၂ ခု အပါ အဝင် စုစုပေါင်း ကုမ္ပဏီ ၁၆၁ ခုနဲ့ ထိုင်းနိုင်ငံမှ အလယ် အလတ်နဲ့ အသေးစားစက်မှုလုပ်ငန်းများမှ လာရောက်ပြသ ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။    ဒါ့အပြင် ပြည်တွင်းကုမ္ပဏီ ၁၂ ခုကလည်း ပြပွဲမှာ ပါဝင်ပြသမှာဖြစ်ပါတယ်။ ထိုင်းကုန်စည်ပြပွဲမှာ ကုန်ပစ္စည်း များကို စက်ရုံများမှထုတ်တဲ့ မူရင်းဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ထိုင်းကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဈေးကွက်မှာ စတင် မိတ်ဆက်ဖို့ရည်ရွယ်တဲ့အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချ မယ်လို့ သိရပါတယ်။ ကုန်စည်ပြပွဲမှာ ကုန်ပစ္စည်းများပြသ ရောင်းချခြင်းအပြင် ကုန်ပစ္စည်းကိုယ်စားလှယ်ရယူ လိုသူ များကလည်း ဧပြီလ ၇ ရက်နဲ့ ၈ ရက်များမှာ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များနဲ့ ပြပွဲမှာ ကိုယ်တိုင်လာရောက် ဆွေးနွေး နိုင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။ ပြပွဲကိုလာရောက် အားပေးဝယ်ယူကြသူများအတွက်လည်း ကံစမ်းမဲအစီအစဉ် များ ထည့်သွင်းထားတယ်လို့ သတင်းရရှိပါတယ်။MIRT (DOBT)