၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်က ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မြို့နယ်ဆန်စပါး ကုန် သည်ကြီးများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ စပါးဆန်ရောင်း ဝယ်ရေး မှာ ဈေးနှုန်းတည်ငြိမ်ရေး၊ စပါးဆန်၊ အရည် အသွေးပေါ်မူတည်ပြီး၊ ဈေးနှုန်းသတ်မှတ်ဝယ်ယူရောင်းချရေး၊ ဆန်ကြိတ်ခွဲမှုမှာ အလေအလွင့် နည်းပါးရေးနဲ့ အဆင့်မြှင့်ဆန် အရည်အသွေးမီ ထုတ်လုပ်ပြီး၊ ပြည်ပ ကို တရားဝင် တင်ပို့ရောင်း ချနိုင်ရေး၊ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ မြို့နယ်တာဝန် ခံမှ မြန်မာ-တရုတ်နယ် စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက်နိုင်ငံကို ဧည့်မထ ၂၅ မှတ် ဆန် တန် ၂၅၀ နီးပါးကို မတ်လ ၇ ရက်မှ ၁၃ ရက်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်းကို ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကုန်သည်အသင်းကို ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသေးပါကြောင်း။ ကုန်သည်အသင်း ဝင်ရောက်ပြီး မှ တစ်ဦးချင်း ရောင်းဝယ်ရေးကတ်ရရှိကြမှာဖြစ်ကြောင်းနဲ့ အစိုးရသစ်လက်ထက်မှာ ခိုင်မာတဲ့ အသင်းကို ဖွဲ့စည်းနိုင်ရေး၊ ပြည်နယ်စီးပွားရေးဝန်ကြီးမှ တိုက်တွန်းလျက်ရှိခြင်း တို့ကြောင့် ကုန်သည် လုပ်ငန်းရှင်များ စုစည်းပြီး၊ အသင်းအဖွဲ့ ခိုင်ခိုင်မာမာ ထူထောင် နိုင်ရေး ဝိုင်းဝန်းပါဝင်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြို့နယ် တာဝန်ခံနဲ့ TPIS ဝန်ထမ်းများ၊ ဆန်စက်လုပ်ငန်း ရှင်များ၊ ကုန်သည်များအပါအဝင် ၈၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ TPIS
Background