Main menu

Background

သဘာဝသစ်သီးဖျော်ရည်နဲ့ သစ်သီးယိုမျိုးစုံ ထုတ်လုပ်နည်းသင်တန်း မုံရွာမှာ စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်မည်

Mon, 04/02/2012 - 08:45 -- Anonymous (not verified)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသမဝါယမဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူး ပြီး၊ သဘာဝသစ်သီးဖျော်ရည်နဲ့ သစ်သီးယိုမျိုးစုံထုတ်လုပ်မှု သင်တန်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ အထက်တန်း ရက်ကန်းကျောင်းမှာ ဧပြီလ ၅ ရက်မှ ၁၀ ရက်ထိ စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ပို့ချမယ်လို့ သိရပါတယ်။ တိုင်းဒေသကြီး အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ကဏ္ဍတစ်ရပ်အနေနဲ့ အထောက်အပံ့ တစ်ခုဖြစ်သလို ဒေသထွက်သစ်သီးဝလံများနဲ့ စီးပွားရေးလုပ်ငန်း ထူထောင် လုပ်ကိုင်လိုသူများအတွက် အားပြုထိုက်တဲ့ အစီအစဉ်တစ်ခုဖြစ်လို့ ယခု ကဲ့သို့ လေးကြိမ်မြောက် သင်တန်းဖွင့်လှစ် နိုင်ခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်က ကျင်းပခဲ့တဲ့ တတိယအကြိမ်သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးသာအေးမှ ကိုယ်တိုင် တက်ရောက်အမှာစကားပြောကြား ချီးမြှင့်ခဲ့ပြီး၊ အဆိုပါသင်တန်းကို မုံရွာမြို့မှ စိတ်ပါဝင်စားသူများ သာမက ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြို၊ ဖောင်းပြင်၊ ကနီ၊ ဘုတလင်၊ ချောင်းဦးစတဲ့ ခရီးအနီးအဝေးမှပင် သင်တန်း သားပေါင်းစုံ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ သင်တန်းမှာ သစ်သီးဝလံကုန်ကြမ်းမှ ကုန်ချောအထိ ထုတ်လုပ်မှုဆိုင်ရာ ဘာသာ ရပ် ပေါင်းစုံ ပါဝင်ပြီး ပြည်သူလူထုအတွင်း နည်းပညာပြန့်နှံ့စေကာ သွင်းကုန်အစားထိုး စီးပွားဖြစ် ထုတ်လုပ်တဲ့အထိ ပို့ချ ပေးတာကြောင့် အနယ်နယ်အရပ်ရပ်မှ စိတ်ပါဝင်စားသူများ တက်ကြွစွာ တက်ရောက်ခဲ့ကြကာ တတိယအကြိမ်ထိ သင်တန်း သား ၁၁၅ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ယခုဖွင့်လှစ်ပို့ ချမယ့် စတုတ္ထအကြိမ်မြောက် သဘာဝသစ်သီးဖျော်ရည်နဲ့ သစ်သီး ဝလံယိုမျိုးစုံ ထုတ်လုပ်နည်း သင်တန်းကို မည်သူမဆို ဆက်သွယ်တက်ရောက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ထွန်းလှိုင်