မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန် ၉၂၀ ခန့်ကို တင်ပု့ိနိုင်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်ရှိတမူးမှ ကန်ဒေါ်လာ သုညဒသမ ၀၂၂ သန်းတန်ဖိုး ရှိ ရှိန်းခိုနဲ့ ဇာတိပ္ဖိုလ်သီး ၄ တန်ကျော် တင်သွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ်တင်ပို့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့ မိချောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်း)၊ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ ကွမ်းစားဂမုန်း၊ နနွင်း ခေါင်း၊ ချင်းခြောက်၊ မာလာဥ၊ ကြောင်လျှာစေ့၊ ကြောင်ပန်း စေ့၊ ဒရင်ကောက်မြစ်နဲ့ ခပေါင်းစေ့တို့ ဖြစ်ကြပါတယ်။ ယခင်အပတ်ကထက် မိချောင်းကွမ်းဖတ်စေ့၊ နနွင်းတက် (ရှမ်း)၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ကြောင်ပန်းစေ့တို့ အပို့ပို ခဲ့ပြီးချဉ်ပေါင်ဖာလာ (အခွံပါ)၊ ကွမ်းစားဂမုန်းနဲ့ ဒရင်ကောက် မြစ်တို့ အပို့လျော့ခဲ့ပါတယ်။ နနွင်းခေါင်း၊ ချင်းခြောက်၊ မာလာ ဥ၊ ကြောင်လျှာစေ့နဲ့ ခပေါင်းစေ့တို့ကို ယခင်အပတ်က အပို့မရှိခဲ့ပေမယ့် ယခုအပတ်မှာတော့ တင်ပို့မှုရှိတာတွေ့ရပါ တယ်။ ယခင်အပတ်ကထက် မူဆယ်မှ ပရဆေးကုန်ကြမ်း တန် ၂၆၀ ကျော် အပို့ပိုခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခု အပတ်မှာ ရှိန်းခို ၂ တန် ကျော်နဲ့ ဇာတိပ္ဖိုလ်သီး ၂ တန် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)
Background