မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၀၈၉ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂၂ တန်၊ ငါးကုန်းညိုခြောက် ၇၈ တန်နဲ့ ငါးစုံလေးခြောက် ၁၀ တန်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်အပတ်က ငါးနီတူခြောက်တစ်မျိုးသာ ၁၂၂ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ ငါးခြောက် အမယ်စုံစုံ တင်ပို့နိုင်ခဲ့တဲ့ အပြင် ရေချိုပုစွန် ၄ တန်ကျော်နဲ့ ရေငန်ပုစွန် တန် ၃၀ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုည ဒသမ ၁၅၀ သန်းဖိုးတင်ပို့နိုင်ခဲ့ ပါတယ်။ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုး ရေချိုငါး တန် ၈၀၊ ငါးစုံလေးခြောက် ၃ တန်နဲ့ ငါးနီတူခြောက် ၂ တန် ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် ရေချိုငါး တန် ၆၀ ကျော် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)
Background