မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၁ ဒသမ ၉၃၉ သန်းတန်ဖိုးရှိ အေးခဲအမဲသား တန် ၅၁၀ ကျော်ကို မတ်လ ၂၁ ရက် မှ ၂၇ ရက်ထိကာလ အတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နွားဘေးထွက်ပစ္စည်း တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ နွားဘေးထွက် ၁၀ တန်ကျော်၊ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ နွားကြော ၆၃ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၁၂၇ သန်းတန်ဖိုးရှိ ကျွဲနွားသားရေ ၁၉၅ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၅ သန်းတန်ဖိုးရှိ အမဲအူကြမ်း ၅၅ တန် ကျော်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOBT)
Background