ယခုအခါ သကြားတင်ပို့ခွင့်ရရှိနေပြီဖြစ်တဲ့အတွက် ကြံသကာ၊ သကြား တင်ပို့မှုအပေါ် သစ်သီးဝလံနဲ့ ဥယျာဉ်ခြံမြေထွက်ပစ္စည်းများကဲ့သို့ ကုန်သွယ်လုပ် ငန်းခွန် ၅ ရာခိုင်နှုန်းလျှော့ချပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ကောက်ခံပါက ပိုမို အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်တဲ့အတွက် တင်ပို့မှုလည်းပိုမိုလာနိုင်မယ်လို့ ကုန်သည် လုပ်ငန်းရှင်များက ပြောဆိုနေကြတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်းတန်ဖိုးရှိ စက်မှု ကုန်ချော များ တင်ပို့နိုင်ခဲ့ရာ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၁ ဒသမ ၁၈၅ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ မူဆယ်မှတင်ပို့တဲ့ စက်မှုကုန်ချော ပစ္စည်းတွေထဲမှာ သကြား (ဖြူ) နဲ့ ကြံသကာတို့ ပါဝင်ပါတယ်။ ယခု ဘဏ္ဍာနှစ် အတွင်း သကြားတင်ပို့ခွင့်ရရှိတဲ့အပြင် ကြံသကာတင်ပို့မှုလည်း တိုးတက်လာတာ တွေ့ရပါတယ်။ အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ကြည့်ပါကလည်း ယခင်လကထက် ကြံသကာနဲ့ သကြားဖြူတင်ပို့မှုများစွာပိုမိုခဲ့သဖြင့် ကန်ဒေါ်လာ သုည ဒသမ ၈၃၁ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ Source: နကသ MIRT (DOBT)
Background