မိမိတို့မြန်မာ့သခွားမွှေးများမှာ တစ်ဖက်နိုင်ငံမှ ကြိုက်နှစ်သက်တဲ့အရွယ် အစားနဲ့ အရည်အသွေးရှိတာကြောင့် သခွားမွှေး တင်ပို့မှုများ ကောင်းလျက်ရှိပါ တယ်။ ယမန်နှစ်ကာလတူထက် ၁၁၁၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၄၆၈ သန်းဖိုး၊ အနီးစပ်ဆုံးကာလထက် ၃၀၁၈ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုည ဒသမ ၆၆၆ သန်းဖိုး ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ၅၄၇၅ တန်ခန့်၊ ယမန်နှစ်ကာလတူမှာ ၄၃၅၈ တန်နဲ့ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇန်နဝါရီလမှာ ၂၄၅၇ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ မူဆယ်နယ်စပ်မှ သခွားမွှေးအပြင် ယခုဖေဖော်ဝါရီလမှာ ဖရဲသီး ၃၃၅၁၄ တန်ကျော်၊ ဇီးသီးအစို ၉၂၈ တန်နဲ့ စပျစ်သီး ၆၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ Source: နကသ၊MIRT(DOBT)
Background