Main menu

Background

ထိုင်းနယ်စပ်မှ ရေထွက်ကုန် ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းဖိုး တင်ပို့နိုင်

Mon, 04/02/2012 - 09:00 -- Anonymous (not verified)

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှကန်ဒေါ်လာ သုည ဒသမ ၂၅၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇၆ တန် ခန့်၊ ပုစွန် ၇ တန်ခန့်နဲ့ ကဏန်း ၁၆ တန်ခန့်၊ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၁၂၄၀ ကျော်၊ ကဏန်း ၅ တန်ကျော်၊ ပုစွန် သုည ဒသမ ၈၇၅ တန်နဲ့ ကင်းမွန် သုည ဒသမ ၉၆၀ တန်၊ မြိတ်နယ်စပ်မှ ငါးမျိုးစုံ၊ ငါးမှုန့်၊ ငါးအသားလွှာ၊ ငါးနီငယ် ၂၀၀၃ တန်၊ အေးခဲ ကင်းမွန်နဲ့ ကင်းမွန်ပြုတ်ခြောက် ၃၅ တန်ကျော်၊ ငါးခြောက် ပုစွန်ခြောက် ၁ ဒသမ ၇ တန်ခန့်၊ ကဏန်းနီနဲ့ ကဏန်းပျော့ ၃၉ တန်ခန့်၊ အေးခဲပုစွန်နဲ့ ရေငန်ပုစွန် ၇၉ တန်ကျော်၊ ခရုအသား ၂ ဒသမ ၆၄ တန် နဲ့ ပြည်ကြီးငါးအသား ၆ တန် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် မြဝတီနဲ့ ကော့သောင်းနယ်စပ်မှအပို့ပိုပြီး မြိတ်နယ်စပ်မှ အပို့လျော့ခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ငါးမျိုးစုံနဲ့ ရေငန်ပုစွန်သာ အပို့ပိုပြီး ကျန်အမယ်များအပို့လျော့ခဲ့တာ ဖြစ်ပါတယ်။        MIRT (DOBT)